မင်္ဂလာပါခင်ဗျာ" သင်္ဘောစိုက်နည်းနှင့် အရည်အသွေးကောင်းအောင် ဆောင်ရွက်နည်း "
နံပတ်တစ်ကတော့ မျိုးရွေးချယ်တာ မှန်ဖို့ပါပဲ။
သက်တမ်းတိုတဲ့ ၃ လကြာတဲ့မျိုးတွေရှိနေပါပြီ။ Red Lady မျိုးကတော့ စောစောသီးပြီး အသီးတင်နှုန်းများတယ်။ လိမ္မော်နီရောင်အတွင်းသားရှိလို့ ဈေးကွက်ကောင်းတယ်။ သယ်ပိုးမှုဒဏ်ခံနိုင်တယ်။ အမပင်က သီးရင် အသီးလုံးဝိုင်းပြီး လိင်စုံပင်က သီးရင် ရှည်မျှောမျှော အသီးပုံရှိတယ်။ (၇၈၃)မျိုးလည်းကောင်းပါတယ်။ စောစောသီးတယ်။ သီးအားကောင်းတယ်။ အတွင်းသား အနီရောင်မျိုးပါ။
သင်္ဘောပင်ဟာ အပူချိန်မြင့်မားပြီး ခြောက်သွေ့တဲရာသီဥတုကို ကြိုက်တယ်။ ပူတဲ့အခါ အပင်ကြီးထွားမှုမြန်ပါတယ်။ အသီးမှာ အချိုဓာတ်ပါမှုများတယ်။ စိုက်တဲ့အချိန်မရေးကြီးတယ်။ ထိုင်ဝမ်မျိုးတွေက အပင်ပေါက်ကောင်းတယ်။ လိင်စုံပင်တွေက မိုးနည်းတဲ့အခါ ပန်းပွင့်ပြီး အပွင့်တိုင်းကအသီးတင်ပါတယ်။ အေးရင်အပင်ဖြစ်တာနှေးပြီး အသီးလုံးသေးမယ်။ အချိုဓာတ်နည်းမယ်။ အတွင်းသားမရောင်ပျော့တယ်။
အေးရင် နှင်းကျရင် အပင်သေနိူင်တယ်။ သင်္ဘောပင် အမြစ်ဟာ ခြောက်သွေ့တဲ့မြေမှာ ဒဏ်မခံနိုင်ပါဘူး။ ရေသွင်းပေးရတယ်။ ရေဝပ်လည်းမကြိုက်။ မြေစီးတွေမှာဆိုရင် မိုးတွင်းရေဝပ်ရင် အမြစ်ပုပ်လွယ်ပါတယ်။ မြေပြန့်မှာစိုက်ရင် ဘောင်တင်စိုက်ပါ။ ရေထုတ်မြောင်းထားပါ။ မြေပွပြီး မြေဩဇာကောင်းတဲ့နေရာ စိုက်ပါ။ လေပြင်းဒဏ်မခံနိုင်ပါ။
နေရောင်ခြည်ကောင်းကောင်းရဖို့ကတော့ အဓိကပါပဲ။
မြေဩဇာ
အပင်ချမစိုက်ခင် ဘောင်ဆွဲပြီးရင် မြေခံထည့်ပါ။ အပင်စိုက်ပြီး ၂၀ ရက်မှာ မြေဩဇာထည့်ပါ။ နောက်ပိုင်း (တစ်လ)ခြားတစ်ကြိမ်နဲ့ ၃ ကြိမ်ထည့်ပါ။ ပန်းပွင့်ချိန် တစ်ကြိမ်ထည့်ပါ။ အသီးစသီးချိန် တစ်ကြိမ်ကြွေးပါ။ ကွန်ပေါင်းမြေဩဇာ ကျွေးပါ။ အပင်ပတ်ပတ်လည်မှာ ပတ်မြောင်းတိမ်တိမ်ကျယ်ကျယ်တူးပြီးမှ မြေဩဇာကို ထည့်ကျွေးပါ။ ထည့်ပြီး မြေပြန်လည်ဖုံးပါ။ မြေဩဇာကျွေးတာက အသီးတင်မှုနဲ့ အသီးအရည်အသွေးကောင်းဖို့က အဓိကကျပါတယ်။
ဘောင်ချေရှိ မြက်တွေရှင်းပါ။ ရှင်းလို့ရတဲ့မြက်ကို ဘောင်ပေါ်ပြန်အုပ်ပါ။ တတ်နိုင်ရင် မြက်တွေပေါ်က ပလပ်စတစ်တစ်ထပ်ဖုံးပါ။ အပင်အစို သိသာစွာရပြီး အထွက်ကောင်းပါတယ်။ ပေါင်းလည်းသက်သာပါတယ်။ နေပူချိန်မြေကြီးက ရေငွေ့ပျံမှုသက်သာပြီး မိုးရွာရင်မြေတိုက်စားမှု၊ မြေဩဇာ လွင့်ဆုံးမှု သက်သာတယ်။ ဘက်စုံကောင်းတာမို့ ပလပ်စတစ်ဖိုးကုန်တာနှင့် မကာမိအောင် တွက်ခြေကိုက်ပါတယ်။
ပင်မကိုင်းက ဘေးတက်တွေထွက်လာရင် မထားပါနဲ့ ဖဲ့ပစ်ပါ။ အသီးသီးချိန်မှာ ပိုးရောဂါအသီး၊ ပုံမမှန်အသီး၊ ရွက်ရင့်ရွက်ခြောက်တွေ ရှင်းပစ်ပါ။ စိုက်ခင်းထဲမှာ မသီးတဲ့ အဖိုပင်တွေပါလာရင် မခုပ်ပါနဲ့ ထားပါ။ အသီးတင်မှုကို အထောက်အကူပြုတယ်။
အပင်ရောဂါအကြောင်းနှင့် ကာကွယ်ခြင်းကို ဆက်လက်တင်ပေးပါမည်။
တောင်သူဦးကြီးများ အဆင်ပြေအောင်မြင်ကြပါစေ။
----------------------------------------------------------------------------------------------------------------
Zawgyi
" သင်္ဘောပင် စိုက်နည်းနှင့် အရည်အသွေးကောင်းအောင် ဆောင်ရွက်နည်း "

သင်္ဘောပင်ဟာ အပူချိန်မြင့်မားပြီး ခြောက်သွေ့တဲ့ ရာသီဥတုကို ကြိုက်တယ်။ ပူတဲ့အခါ အပင်ကြီးထွားမှုမြန်ပါတယ်။ အသီးမှာ အချိုဓာတ်ပါမှုများတယ်။ စိုက်တဲ့အချိန်မရေးကြီးတယ်။ ထိုင်ဝမ်မျိုးတွေက အပင်ပေါက်ကောင်းတယ်။ လိင်စုံပင်တွေက မိုးနည်းတဲ့အခါ ပန်းပွင့်ပြီး အပွင့်တိုင်းကအသီးတင်ပါတယ်။ အေးရင်အပင်ဖြစ်တာနှေးပြီး အသီးလုံးသေးမယ်။ အချိုဓာတ်နည်းမယ်။ အတွင်းသားမရောင်ပျော့တယ်။
အေးရင် နှင်းပျရင် အပင်သေနိူင်တယ်။ သင်္ဘော
ပင်အမြစ်ဟာ ခြောက်သွေ့တဲ့မြေမှာ ဒဏ်မခံနိုင်ပါဘူး။ ရေသွင်းပေးရတယ်။ ရေဝပ်လည်းမကြိုက်။ မြေစီးတွေမှာဆိုရင် မိုးတွင်းရေဝပ်ရင် အမြစ်ပုပ်လွယ်ပါတယ်။ မြေပြန့်မှာစိုက်ရင် ဘောင်တင်စိုက်ပါ။ ရေထုတ်မြောင်းထားပါ။ မြေပွပြီး မြေဩဇာကောင်းတဲ့နေရာ စိုက်ပါ။ လေပြင်းဒဏ်မခံနိုင်ပါ။

No comments:
Post a Comment
မင်္ဂလာပါ TKIFARMER BLOG မှ ကြိုဆိုပါတယ်ခင်ဗျာ........