မင်္ဂလာပါခင်ဗျာEM ဘိုကာရှီ (Bokashi)ပြုလုပ်နည်းေလးတင်ပြလိုက်ပါတယ်
EMဆိုသည်မှာ အကျိုးပြုအာနုဇီ၀(Effective Microorganism)များဖြစ်ပြီး သဘာ၀တွင် ရှိနေသော အဓိကအားဖြင့် Latic acid bacteria, Yeast,Photosynthesis bacteria, Actinomycetes နှင့် Fermenting fungi များပါ၀င်သောအရည်ဖြစ်ပါသည်။
ဘိုကာရှီ (Bokashi) ဆိုသည်မှာ ဂျပန်ဝေါဟာရ တစ်ခုဖြစ်ပြီး အီးအမ်ထည့်ပေးထားသော ဩဂဲနစ် ပွားစာ (EM inoculated organic source)ဖြစ်ပါသည်။ အီးအမ်ဘိုကာရှိကို အောက်ပါအတိုင်းပြုလုပ်နိုင်သည်။
အဆင့်(က)အီးအမ်ဖျော်ရည်ပြုလုပ်ခြင်း(Secondary EM)
အီးအမ်ဖျော်ရည်အပြင်း(EM concentrate) ၁ဆ
တင်လဲရည်(Molases) ၄ဆ
ရေရိုးရိုး (Water) ၉၅ဆ
အီးအမ်ဖျော်ရည်ပြင်း၊တင်လဲရည်နှင့် ရေ ရိုးရိုးကို ၁:၄:၉၅အချိုးအတိုင်း ရော၍ အဖုံးပါသော ဖန်ပုလင်း သို့ ပလတ်စတစ် ဗူးတွင်ထည့်၍ အဖုံးလုံအောင် ပြန်ပိတ်ပြီး မှောင်သောနေရာ၊ နေရောင်တိုက်ရိုက်မကျသောနေရာတွင် ထားပါ။
နေ့စဉ် ပုလင်းကို လှုပ်၍ အတွင်းမှ ဓာတ်ငွေ့များကို ဖွင့်ထုတ်ပေးပါ။
ပထမဖျော်ရည်အရောင်သည် အညိုရင့်ဖြစ်နေရာမှ တစ်ပတ်ခန့်ကြာလျှင် ကြံရည်ရောင် ပြောင်းသွားပြီး အနံ့မှာလည်း ချိုချဉ်နံ့မျိုး ရလာပါက သုံးစွဲရန် သင့်တော်ပြီဖြစ်သည်။
ထိုအဆင့်သည်EM1 ရပြီဖြစ်သည်။ စျေးကွက်များတွင်အလွယ်တကူ၀ယ်ယူသုံးစွဲ၍ ရနိုင်ပါသည်။
အဆင့်(ခ)အီးအမ်ဖျော်ရည်အား ရေနှင့်ရောစပ်ခြင်းအဆင့်(က)တွင် ပြုလုပ်ထားသော အီးအမ်ဖျော်ရည် (သို့မဟုတ်) အသင့်၀ယ်ယူသုံးစွဲသော EM1 ကို
အီးအမ်ဖျော်ရည် ၁ဆ
သကာရည် ၁ဆ
ရေရိုးရိုး ၁၈ဆ. ဖြင့်ရောပါ။
အဆင့်(ဂ)အီးအမ် ဘိုကာရှီ ပြုလုပ်ခြင်း
အီးအမ်ဘိုကာရှီအတွက် ဖွဲနုအား အခြေခံပြီး စပါးခွံ၊လွှစာ၊ပဲမှော်၊ကောက်ရိုးမှုန့် စသည်တို့ကို သုံးစွဲနိုင်ပြီး ဖွဲနုအခြေခံသော လွှစာဘိုကာရှီသည် အနံ့အသက် ဖယ်ရှားရာတွင် အကောင်းဆုံးဖြစ်ကြောင်း တွေ့ရှိရပါသည်။
လိုအပ်သောကုန်ကြမ်းပစ္စည်းများမှာ
လွှစာ ၃၀%
ဖွဲနု ၆၀%
ကြက်ချေး ၁၀% တို့ဖြစ်ပြီး ထိုပစ္စည်းများကို သမအောင်ရောနယ်ပါ။ အသင့်ဖောက်ထားသော အဆင့်(ခ)ပါ အီးအမ်နှင့် ရေအရောအား အစိုဓာတ် ၃၀%ခန့် ဖြစ်လာသည် အထိ ဖျန်းပေးပါ။
ဖျန်းပေးစဉ်သမအောင် မွှေပေးပါ။
ကုန်ကြမ်းပစ္စည်းများပီနမ်အိတ် တစ်လုံးလျှင် ပျမ်းမျှ အားဖြင့် အီးအမ်အရည် ၂ဂါလန် မှ ၂ဂါလန်ခွဲခန့် ထိ လိုအပ်ပါသည်။
ရောစပ်ပြီးသော ပစ္စည်းအားလုံးအား အဖုံးပါသော ပလတ်စတစ် ပုံး သို့မဟုတ် အတွင်းမှလေလုံ ပလတ်စတစ် တစ်ထပ်ခံထားသော ပီနမ်အိတ် အတွင်းသို့ ဖိသိပ်ထည့်၍ လေလုံအောင် ကြိုးဖြင့် စည်းကာ နေရောင်တိုက်ရိုက် မထိသော နေရာတွင် ၇ရက်မှ၁၀ရက်ခန့် ထားပါ။
ဤသို့ထားစဉ် လေလုံအောင် အဖုံးဖုံးခြင်း၊ ကြိုးဖြင့် သေချာစွာချည်ထားခြင်းတို့ကို ဂရုပြုရမည်။ ထိုဘိုကာရှီကို လေသလပ် အခြောက်ခံထားပြီး ၃လ ကြာသည်ထိ အာနိသင်မပျက်ဘဲ အသုံးပြုနိုင်ပါသည်။
သီးနှံပင်များအတွက်အကျိုးပြုအာနုဇီဝမြေဩဇာ ဘိုကာရှီ ကိုမိမိတို့ကိုယ်တိုင်ပြုလုပ်နိုင်သဖြင့် ငွေကုန်သက်သာ၍ တန်ဖိုးရှိသောသဘာဝမြေဩဇာကို လွယ်လင့်တကူ အသုံးပြုနိုင်အောင် ရေးသားတင်ပြပေးလိုက်ပါတယ်ခင်ဗျာ

No comments:
Post a Comment
မင်္ဂလာပါ TKIFARMER BLOG မှ ကြိုဆိုပါတယ်ခင်ဗျာ........