Thursday, July 23, 2020

ဘွန်ဇိုင်းပြုလုပ်နည်း

မင်္ဂလာပါခင်ဗျာအပင်မျိုးစုံ နှင့် စက္ကူပန်းပင် ဘွန်ဇိုင်းပြုလုပ်နည်းပါ
- ဘွန်ဇိုင်းပင်ဆိုသည်မှာ တရုတ်နိုင်ငံက စတင်ခဲ့ပြီး ဒီနည်းပညာကိုတော့ ဂျပန်လူမျိုးများက စမ်းသပ်စိုက်ပျိုးလာခြင်း ဖြစ်ပါတယ် ...

- တကယ်တော့ ဘွန်စိုင်းပင်ဆိုတာ အပင်တစ်ပင်ရဲ့ ရေသောက်မြစ်ကို ဖြတ်တောက်ပြီး အခြားသော အမြစ်ငယ်များဖြင့် ကျောက်တုံးခဲလေးများပေါ်၌ မြေဆွေးဖြူးပြီး စိုက်ပျိုးရှင်သန်စေခြင်းသာ ဖြစ်ပါတယ် .....

- စက္ကူပန်းပင် ကို  ဘွန်စိုင်းပင် ဖြစ်အောင် ပြုလုပ်ကြည့်ကြပါစို့  ...
မိမိ၏ အပင်အမျိုးအစားအပေါ်မှုတည်ပြီး ( Bonsai pots ) လို့ခေါ်တဲ့ အပင်ထည့်စိုက်ရန်အတွက် စောက်တိမ်ပြီး အောက်ခြေ၌ အပေါက်ငယ်လေးများ ဖောက်ထားသော အိုးငယ်လေး အဆင်သင့် ရှိထားရပါမယ် .....

- ပထမဆုံး မိမိစိုက်ပျိုးလိုသော စက္ကူပင် တစ်ပင်ကို အမြစ်များပါရှိအောင် နုတ်ယူပါ ... နုတ်ယူပြီးပါက အပင်ရဲ့ အကိုင်းအတက်လေးများကို သေချာသန့်စင်အောင်ဆေးကြောပြီး ဖြတ်တောက်ပစ်လိုက်ပါ .....

- နုတ်ယူပြီးသော် စက္ကူပန်းပင်မှ မြေဆွေးများကို ကုန်စင်အောင် ခါချပြီး အပင်၏ အလယ်တည့်တည့်၌ရှိသော ရေသောက်မြစ်လို့ခေါ်တဲ့ အမြစ်မကြီးကို အပင်၏ အောက်ခြေအရင်းမှ ကတ်ကြေးဖြင့် ဖြတ်တောက်ပစ်လိုက်ပါ .....

- ဖြတ်တောက်သောကတ်ကြေးသည်သန့်စင်ရမည်ဖြစ်ပါသည် ( အပင်ကို ပိုးမ၀င်စေရန် )
အခြားကျန်ရှိသော အမြစ်ငယ်များကို ဖြတ်တောက်မပစ်ပါနဲ့ .....

- ရေသောက်မြစ် ဖြတ်တောက်ပြီးပါက ( Bosai pot ) လို့ခေါ်တဲ့ အောက်ခြေ၌ အပေါက်ဖောက်ထားသော အိုးငယ်အတွင်းသို့ ပထမဆုံး မြစ်ကျောက်ခဲလေးများကို အောက်ခြေ၌ အနည်းငယ် စီ၍ခင်းထားပေးပါ .....

- ကျောက်တုံး ကျောက်ခဲလေးများပေါ်တွင် စက္ကူပင်ကို အိုး၏ အလယ်တည့်တည့်၌ တည့်မတ်ပြီး ပင်စည်တွင် ကျန်ရှိနေသော အမြစ်ငယ်လေးများကို ကျောက်တုံး ကျောက်ခဲများပေါ်၌ သေချာအောင် ဖြန့်ဖြူးပေးပါ .....

-  မြစ်ငယ်များ ကျောက်တုံးများပေါ်တွင် သေချာဖြန့်ဖြူး ခင်းကျင်းပြီးပါက အမြစ်များပေါ်သို့ မြေဆွေးထပ်မံ၍ ဖုံးအုပ်ပေးပြီး ရေကို စိုစွတ်ရုံမျှ လောင်းပေးရပါမယ် .....

- ရေလောင်းပြီးပါက မြေဆွေးများပေါ်သို့ မိမိ၏အနီးအနားပတ်၀န်းကျင်ရှိ ရေတွင်းရေကန်များ၌ ပေါက်ရောက်သော ရေညှိစိမ်းများကို ခွာယူပြီး ၎င်း အပေါ်မှ ခပ်ပါးပါးလေး ထပ်မံဖုံးအုပ်ပေးထားရပါမယ် .....

- ဤကဲ့သို့ အဆင့်ဆင့်ပြုလုပ်ပြီးပါက အပင်ကိုနေရိပ်ထဲသို့ ပြောင်းရွေ့ထားပြီး အပင်ရှင်သန်လာအောင် နေ့စဉ် ဂရုစိုက်ပေးရပါ့မယ် .....

- တစ်ပတ်အတွင်း အပင်ရှင်သန်သွားပါက ၎င်း ပင်စည်မှ အပင်အတက်လေးများဟာ စတင်ထွတ်ရှိလာပြီး တစ်နေ့တခြား ကြီးထွားရှင်သန်လာမှာဖြစ်ပါတယ် .....

- ထွက်ရှိလာသော အကိုင်းအတက်များကို ကြေးနန်း ဝါယာကြိုးဖြင့် မိမိလိုချင်သောပုစံကို သွင်းယူရပါမယ် ... သွပ်ကြိုးဖြင့်မလုပ်ပါနဲ့ ... သွပ်ကြိုးဟာ များမကြာမှီမှာ သံချေးတက်ပြီး ပြတ်တောက်သွားတတ်လို့ပါ .....

- အပင်တစ်ပင်ကို ရေသောက်မြစ်ဖြတ်တောက်ထားခြင်းကြောင့် ရှေ့ဆက်မကြီးထွားနိုင်တော့ဘဲ မိမိဟာ အပင်ကို တစ်ပေခန့် ဖြတ်တောက်ထားရင် တစ်ပေအမြင့်သာ အစဉ်ထာ၀ရ ရှင်သန်ပြီး အပွင့်များ ဝေဆာပွင့်လန်းနေမှာဖြစ်ပါတယ် .....
 မည်သည့်အပင်မျိုးမဆို အထက်ပါနည်းအတိုင်း ဘွန်ဇိုင်းပင်ပြုလုပ်၍ ရပါသည် .....


No comments:

Post a Comment

မင်္ဂလာပါ TKIFARMER BLOG မှ ကြိုဆိုပါတယ်ခင်ဗျာ........