Monday, July 20, 2020

အမြစ်ပွားဆေး (အမြစ်သန်ဆေး )

မင်္ဂလာပါခင်ဗျ
အမြစ်ပွားဆေးကိုဘယ်နေရာတွေမှာသုံးဘဲဆိုရင် အကိုင်းကူး!
အကိုင်းဆက် ! အပင်အမြစ်အားဆေးအဖြစ်လည်းသုံးနိုင်ပါတယ်
စိုက်ခင်းနဲ့သစ်ပင်တွေကိုလည်းအားဆေးမြေသြဇာအနေနဲ့သုံးနိုင်ပါတယ်

 အမြစ်ပွားဆေးလုပ်ရတာလွယ်ပါတယ်လိုအပ်သောပစ္စည်းများ

(1)စိမ်းစားငပိ(ပုစွန်ငါးပိ ! မြိတ်ငပိခေါ် ဂွေးငပိပါ)             ထမင်းစားဇွန်းတစ်စွန်း

(2)M150 အချိုရည်တစ်ပုလင်း(မရှိပါက vitamin B12 ပါဝင်သောအချိုရည်များ  shark ! ကျွဲရိုင်း   )
တခုခုဆိုလည်းအဆင်ပြေပါတယ်

(3) ဟင်းချက်အချိုမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်း

အဲတာဆိုရင် ငါးပိတစ်ဇွန်းရယ် M150အချိုရည်တစ်ပုလင်းရယ်
အချိုမှုန့်တစ်ဇွန်းရယ် ခွက်တစ်လုံးထဲမှာအားလုံးရောမွှေပါမယ်
မြစ်ပွားဆေးရပါပြီခင်ဗျ

အသုံးပြုပုံကတော့ !!!!!!!!!!!!
 အကိုင်းကူး ! အကိုင်းဆက်ရာမှာသုံးမယ်ဆိုရင်တော့ အထက်ဖော်ပြပါရောသမွှေပြီးရလာတဲ့အရည်ထမင်းစားတစ်ဇွန်းကိုရေတစ်လီတာလောက်နဲ့စပ်လိုက်ရင်တော့အသုံးပြုနိုင်ပါပြီ

စိုက်ခင်း ဒါမှမဟုတ် အပင်ကို အမြစ်သန်အားဆေးအနေနဲ့သုံးချင်ရင်တော့ အထက်ပါဖျော်စပ်ပြီးရလာတဲ့အရည်ထမင်းစားတစ်ဇွန်းကိုရေငါးလီတာနှုန်းနဲ့ရောပြီးလောင်းနိုင်ပါတယ်
အသုံးပြုပုံကတော့တစ်ယောက်နဲ့တစ်ယောက်မတူတော့
ကိုယ်သုံးတာပေါ်မူတည်ပြီးအချိန်အဆ ညှိပြီးသုံးနိုင်ပါတယ်
အပင်အားလုံးအတွက်အသုံးပြုနိုင်ပါတယ် အကိုင်းကူးမယ်ဆိုရင်တော့ အကိုင်းကူးမယ့်ဓားခြစ်ထားတဲ့နေရာကို စုပ်တံလေးနဲ့သုတ်ပေးနိုင်ပါတယ်
အဆင်ပြေကြပါစေ
နောက်ပိုင်းမှာ အပင်တော်တော်များများမှာအသုံးပြုပြသွားပါမယ်                                     
                                     

No comments:

Post a Comment

မင်္ဂလာပါ TKIFARMER BLOG မှ ကြိုဆိုပါတယ်ခင်ဗျာ........