မင်္ဂလာပါခင်ဗျာဒူးရင်းပင် စိုက်ပျိုးနည်း နဲ့ အပင်မျိုးပွားနည်း
အပင်ပြုစုနည်းစနစ်
ယခင်က ဒေသမျိုးများကိုသာ အသုံးပြုစိုက်ပျိုးလေ့ရှိပြီး
ယခုအခါလယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း
ဝန်ကြီးဌာနမန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှနိုင်ငံခြား
မျိုးများဖြင့်ကိုင်းဆက်မျိုးပွားထုတ်လုပ်ထားသည့်
မိကျောင်းခေါင်းမျိုး၊ကန်ကလေး(၁)နှင့်ကန်ကလေး(၂)
မျိုးများကိုသာအသုံးပြုစိုက်ပျိုးကြပါသည်။
မျိုးကောင်းမျိုးသန့်ဒူးရင်းရွေးချယ်ရာတွင်
၁။အသီးထွက်ကောင်းရမည်။
၂။အိမ်မြွှာကြီးပြီးအသားထူ၊အရသာကောင်းရမည်။
၃။စောစောသီးပွင့်ရမည်။
စိုက်ပျိုးသည့်ဒေသ
မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းတို့တွင်အများဆုံးဖြစ်ထွန်းသည်။
ပဲခူးတိုင်းရွှေကျင်နှင့်ကျောက်ကြီးဒေသတို့တွင်လည်း
အနည်းငယ်စိုက်ပျိုးကြပါသည်။
ရေမြေရာသီဥတု
စွတ်စိုထိုင်းမှိုင်းသောမိုးရေချိန်လက်မ ၁၀၀-၂၀၀ အတွင်း
အပူချိန် ၁၀° - ၄၀° စင်တီဂရိတ် စိမ့်စမ်းကောင်းသည့်
ရာသီဥတုကိုနှစ်သက်ပါသည်။
သဲနုန်း၊မြေပွ၊မြေဆီမြေသားကောင်းသောလျှိုများ၏
တောင်စောင်းများ၊မြစ်ချောင်းကမ်းနဖူးများတွင်
ကောင်းစွာပေါက်ရောက်ပွင့်သီးကြပါသည်။
မျိုးပွားခြင်း
ယခင်အပင်မှအရည်အချင်းများကိုပြန်လည်ရှိနိုင်သည့်
လိင်မဲ့မျိုးပွားနည်းစနစ်ဖြင့်သာမျိုးပွားသင့်ပါသည်။
မျိုးပွားနည်း သုံးမျိုးရှိပါသည်။
၁။အစေ့မှမျိုးပွားခြင်း
၂။အဖူးမြှုပ်မျိုးပွားခြင်း
၃။ကိုင်းကူးဆက်မျိုးပွားခြင်း
ဒေသနှင့်ကိုက်ညီ၍ရောဂါဒဏ်ခံနိုင်သောမျိုးများအနက်
သီးထွက်နှင့်အရည်အသွေးကောင်းမွန်သောအပင်မှ
အဖူးကိုင်းကိုရွေးချယ်၍ကိုင်းဆက်အဖူးမြှုပ်မျိုးပွားထားသော
ပျိုးပင်များကိုသာအသုံးပြုရပါမည်။
အဖူးမြှုပ်သွင်းရန်အောက်ခံပင်အနေဖြင့်ဒေသတွင်းမျိုးကို
သုံးပါသည်။
အသက် ၁၅-၂၀ နှစ်ရှိအလောတော်အမြင့်ရှိအပင်များမှ
ရောဂါပိုးမွှား၊ရာသီဥတုဒဏ်ခံနိုင်မှုအရှိဆုံးမျိုးပင်ကိုရွေး၍
ရင့်ပြီးကြွေကျသောအသီးများမှအစေ့များကို
ရွေးချယ်ပျိုးထောင်ရပါသည်။
အဖူးအဖြစ်ပြည်တွင်းမျိုးမှအရသာကောင်းအမြွှာကြီးပြီး
အသီးများများတင်သည့်မျိုးကိုသုံးပါ။
နိုင်ငံခြားမျိုးများကိုလည်းအဖူးအဖြစ်သုံးကြပါသည်။
ကိုင်းကူးကိုင်းဆက်ခြင်းဖြင့်မျိုးပွားရာတွင်အောက်ခံပင်
ခြောက်လမှတစ်နှစ်သားအရွယ်ထိမျိုးပွားနိုင်ပါသည်။
အသုံးများသောနည်းမှာသပ်သွင်းကိုင်းဆက်နည်း
(Wedge Grafting)ဖြစ်ပြီးအောင်မြင်မှုအများဆုံး
ဖြစ်ပါသည်။
အခြားနည်းမှာအစေ့များကိုပလတ်စတစ်အိတ်ဖြင့်ပျိုးထောင်ပြီး
သုံးလသားအရွယ်အစေ့ရွက်မကွာမီအချိန်တွင်
အောက်ခံပင်တွင်ချည်နှောင်ကာချဉ်းကပ်ကိုင်းဆက်နည်း
(Inarching)ဖြင့်မျိုးပွားနိုင်ပါသည်။
ငွေကြေးကုန်ကျသက်သာပြီးဒူးရင်းတစ်ပင်မှပျိုးပင်
များစွာကို ကိုင်းကူး၍ရနိုင်ပါသည်။
စိုက်ပျိုးနည်း
သုံးပေပတ်လည်အရွယ်ကျင်းတူး၍အပေါ်ယံမြေလွှာနှင့်
သဘာဝမြေသြဇာအတူရောထည့်စိုက်ပျိုးရန်ဖြစ်ပါသည်။
ကျင်းအကွာအဝေးကို၁၈×၂၄ ပေမြေအနေအထားနှင့်
မြေဆီထက်သန်မှုကိုကြည့်၍စိုက်ကွက်ဖော်ပါ။
တစ်ဧကလျှင်အပင်ရေ ၁၀၀ ပင်ဝင်ဆံ့နိုင်ပါသည်။
နှစ်နှစ်သုံးနှစ်သက်တမ်းရှိသောကျန်းမာသန်စွမ်းသည့်
ကိုင်းဆက်ပျိုးပင်ကြီးများကိုရွေးချယ်၍မိုးဦးကျ
မေလနှင့်ဇွန်လများတွင်အပြီးစိုက်ပျိုးနိုင်ပါသည်။
အပင်ငယ်စဉ်တွင်နေပူရှိန်တိုက်ရိုက်ခံနိုင်စွမ်းမရှိ၍
နွေရာသီတွင်အရိပ်ပြုလုပ်ပေးလေ့ရှိကြပါသည်။
အဖူးမြှုပ်မျိုးပွားထားသောအပင်များကိုမြေပြန့်တွင်သာ
စိုက်ပျိုးသင့်ပါသည်။
တောင်စောင်းလျှိုစောင်းများတွင်စိုက်ပျိုးပါက
အရှေ့ဘက်သို့လျှောကျသောစောင်းများတွင်စိုက်သင့်သည်။
သို့မှသာလေကာရနိုင်ပါသည်။
အပင်ပြုစုနည်း
(က)အရွက်များမရင့်မီအဆင့်(စက်တင်ဘာ-အောက်တိုဘာ)
၁။အညွန့်သစ်များထွက်ရှိရန်တစ်ပင်လျှင်ယူရီးယားဖျော်ရည်
၁၀လီတာနှုန်းပက်ဖျန်းပေးပါ။
(ယူရီးယား ၂၀၀ ဂရမ်ကိုရေ ၂၀ လီတာတွင်ဖျော်ရန်)
၂။ရောဂါကျအညွန့်များကိုဖြတ်ပါ။
၃။ Psyllids အင်းဆက်ပိုးကိုအထက်ဖော်ပြပါအတိုင်း
နှိမ်နင်းပါ။
၄။ African Red Mite(အာဖရိကမွှားပင့်ကူနီ)များကို
ရေဖြင့်ပက်ဖျန်း၍ဖြစ်စေ၊Propagith(Omite)၃၀%WP
၃၀ဂရမ်ကိုရေလီတာ၂၀တွင်ဖျော်၍ဖြစ်စေပက်ဖျန်းနှိမ်နင်းပါ။
(Red miteများသည်စိုထိုင်းဆနည်းလျှင်
ကျရောက်လေ့ရှိသဖြင့်ရေဖြင့်ပက်ဖျန်းနှိမ်နင်းနိုင်ပါသည်။ )
၅။ Rhizotinia ရွက်ခြောက်ရောဂါကိုCarbendazin ၆၀%WP
၁၂ဂရမ်ကိုရေလီတာ၂၀တွင်ဖျော်ကာပက်ဖျန်း၍နှိမ်နင်းပါ။
၆။ ပင်စည်တွင်ရေညှိတက်သည်ကိုတွေ့လျှင်
Copper Oxychloride ၈၅%WP၅၀ဂရမ်ကိုရေလီတာ၂၀တွင်
ဖျော်၍ပက်ဖျန်းပါ။
၇။အမြစ်နှင့်ပင်စည်ပုပ်ရောဂါ Phytophthora ကို
ကာကွယ်နှိမ်နင်းရန်မှာ- - -
(က)ရောဂါကျသည့်အစိတ်အပိုင်းဧရိယာကိုဖယ်ရှားပြီး
အနာနေရာကို Matalaxy ၂၅%WP ၅၀-၆၀ဂရမ်ကို
ရေတစ်လီတာတွင်ဖျော်၍သုတ်လိမ်းပေးပါ။
(ခ)အရွက်များအဝါရောင်သို့ပြောင်းသွားခဲ့လျှင်
Phosetyl aluminium(Aleate)၈၀ %WP ၅၀ဂရမ္ကို
ရေလီတာ၂၀တွင်ဖျော်၍အရွက်ပေါ်ပက်ဖျန်းပေးပါ။
(ဂ)ရောဂါကျရောက်မှုပြင်းထန်ပါကရောဂါကျသည့်
အကိုင်းနှင့်အမြစ်အတွင်းသို့Phosphorus Acid ရေ ၁:၁
အရောကို ထိုးသွင်းပေးပါ။
၈။တစ်ပင်အတွက်တစ်ရက်လျှင်ရေ၄.၅မီလီမီတာနှုန်းသွင်းပေးပါ။
(ခ)ပန်းမပွင့်မီအရွက်ရင့်အဆင့်(နိုဝင်ဘာ-ဒီဇင်ဘာ)
၁။အညွန့်သစ်ထွက်ရန်ယူရီးယား၂%ဖျော်ရည်ပက်ဖျန်းပါ။
၂။Psyllidကိုဖော်ပြခဲ့သည့်အတိုင်းနှိမ်နင်းပါ။
၃။မွှား၊ပင့်ကူနီ၊အမြစ်နှင့်ပင်စည်ပုပ်ရောဂါ၊ရွက်ခြောက်ရောဂါနှင့်
ပေါင်းမြက်နှိမ်နင်းခြင်းကိုဖော်ပြခဲ့သည့်အတိုင်းနှိမ်နင်းပါ။
၄။အပင်အားအာဟာရဖြည့်တင်းရန်နှင့်ပွင့်ဖူးဖြစ်ပေါ်မှုအတွက်
တွန်းအားပေးရန်
၈:၂၄:၂၄ သို့မဟုတ် ၉:၂၄:၂၄ဓာတ်မြေသြဇာအား
တစ်ပင်နှစ်ကီလိုနှုန်းထည့်ပေးပါ။
၅။ပန်းပွင့်ရန်နှင့်ပွင့်ဖူးများ များလာရန်တွန်းအားပေးရန်
အကိုင်းများသို့ KNO3(ယမ်းစိမ်း) ၁%ပက်ဖျန်းပေးပါ။
(ဂ)အသီးကင်းဝင်ချိန်(ဒီဇင်ဘာ-ဇန်နဝါရီ)
၁။အကိုင်းအဖျားပိုင်းနားတွင်ရှိသောပန်းပွင့်များကိုဖြတ်ပါ။
အကိုင်း၏ကျန်အပိုင်းရှိပန်းပွင့်များသိပ်သည်းနေလျှင်ခြွေပေးပါ။
၂။လက်ဖြင့်ဝတ်မှုန်ကူးပေးပါ။
၃။တစ်ပင်လျှင်တစ်ရက်အတွက်ရေ၄-၅မီလီမီတာသွင်းပေးပါ။
၄။အနည်းလိုဒြပ်စင် ၅ဂရမ်+ ယူရီးယား ၃၀ ဂရမ်ကို
ရေလီတာ ၂၀ တွင်ရောဖျော်ပြီးအရွက်ပေါ်ဖျန်းပါ။
၅။မွှားပင့်ကူနီကိုဖော်ပြခဲ့သည့်နည်းများအတိုင်းနှိမ်နင်းပါ။
(ဃ)အသီးကြီးထွားခြင်းအဆင့်(ဖေဖော်ဝါရီ-ဧပြီ )
၁။အသီးသုံးကြိမ်ခြွေပေးပါ။
ပထမအကြိမ်အသီးခြွေခြင်းကိုအသီးသက်တမ်း၂၁-၃၀ရက်တွင်
ဆောင်ရွက်ပြီးလိုအပ်သောအသီးအရေအတွက်နှစ်ဆချန်ထားပါ။
ဒုတိယအကြိမ်အသီးခြွေခြင်းကိုအသီးသက်တမ်း ၃၅-၄၂
တတိယအကြိမ်အသီးခြွေခြင်းကိုပန်းပွင့်ပြီး
ရက်သတ္တပတ် ၆-၇ မတိုင်မီဆောင်ရွက်ပြီး
အသီးအရေအတွက်လုံလောက်ရုံချန်၍ခြွေပါ။
၂။အသီး ၃၅ရက်သားတွင် ၁၂:၁၂:၁၇ ဓာတ်မြေသြဇာကို
တစ်ပင်လျှင်နှစ်ကီလိုဂရမ်နှုန်းကျွေးပါ။
အသီး ၅၆-၆၃ ရက်သားတွင်ဓာတ်စုံမြေသြဇာ Complex
တစ်ပင် ၂၅၀ ဂရမ်နှုန်းဖြင့်မြေကြီးထဲထည့်သွင်းပြီး
အနည်းလိုအာဟာရ ၁၀ ဂရမ်ကိုရေလီတာ ၂၀ တွင်ဖျော်၍
အရွက်ပေါ်ဖျန်းပေးပါ။
(င)အသီးဆွတ်ခူးပြီးအဆင့်(ဇွန်-သြဂုတ်)
၁။ရောဂါကျကိုင်း၊ကိုင်းသေကိုင်းညှပ်များကိုဖြတ်တောက်ပါ။
၂။၁၅:၁၅:၁၅ သို့မဟုတ် ၁၆:၁၆:၁၆ဓာတ်မြေသြဇာ
တစ်ပင် နှစ်ကီလိုဂရမ်နှုန်းထည့်ပေးပါ။
၃။အညွန့်သစ်များကောင်းစွာထွက်ရှိရန်ယူရီးယားဖျော်ရည်
၁၀လီတာ ပက်ဖျန်းပေးပါ။
( ယူရီးယား ၂၀၀ ဂရမ်ကိုရေ ၂၀ လီတာတွင်ဖျော်ရန် )
၄။ Psyllid အင်းဆက်ပိုးကိုရေပန်းဖြင့်တိုက်ရိုက်မှုတ်ပန်း၍
နှိမ်နင်းပါ။အကယ်၍အညွန့်များသို့ပျံ့နှံ့ကျရောက်နေပါက
အင်ဒိုဆာလဖန် ၃၅% EC ဆေးရည် ၅၀ စီစီကို
ရေလီတာ ၂၀ တွင်ဖျော်၍ ပက်ဖျန်းပါ။
၅။ တစ်ပင်အတွက်တစ်ရက်လျှင်သွင်းရေ ၄-၅မီလီမီတာသွင်းပါ။
၆။ပေါင်းမြက်များဖြတ်ပေးပါ။
ဆွတ်ခူးခြင်းနှင့်အထွက်နှုန်း
ပန်းပွင့်ပြီးငါးလခွဲအကြာဒူးရင်းသီးအညှာရှိအရစ်ကျဲလာချိန်၊ဆူးကြီးလာချိန်၊အသီးအရောင်ပြောင်းလာချိန်တွင်
အသီးအညှာ၏အရစ်အထက်မှနှစ်လက်မ၊သုံးလက်မခွာ၍
ကိုင်းဖြတ်ကတ်ကြေးဖြင့်ဖြတ်၍အသီးဆွတ်ခူးရပါသည်။
ခုနှစ်နှစ်သားကျော်လျှင်စသီး၍အနှစ်၃၀-၅၀
အထိဖြိုင်ဖြိုင်သီးကြောင်းသိရသည်။
မျိုးကောင်းလျှင်တစ်နှစ်လျှင်
အပင်တစ်ပင်မှအလုံး၁၀၀-၃၀၀ထိသီးတတ်သည်။
ဆွတ်ခူးပြီးအသီးများကိုအရွယ်အစားအလိုက်ခွဲ၍
စနစ်တကျထုပ်ပိုးသယ်ပို့ပေးရပါမည်။အားလံုး အဆင် ေပြ ကြပါေစ

No comments:
Post a Comment
မင်္ဂလာပါ TKIFARMER BLOG မှ ကြိုဆိုပါတယ်ခင်ဗျာ........