Monday, July 20, 2020

မြေချဥ်/မြေငံတိုင်းတာခြင်း

မင်္ဂလာပါခင်ဗျာမြေချဥ်/မြေငံတိုင်းတာခြင်း
                (သို့)
PH = power of Hydrogen

      စိုက်ပျိုးရေးလုပ်ငန်း တွင် (pH)ခေါ်  မြေချဥ်/ကိန်းသည်အရေးကြီးသောအခန်းကဏ္ဍတခုပါဝင်နေ၏။ မိုးကောင်းကောင်း မျိုးးကောင်းကောင်း ဆေးဝါးဘယ်လောက်ကောင်းကောင်း မြေခံမကောင်းလျှင်
စိုက်ပျိုးရေးလုပ်ငန်းမအောင်မြင်နိုင်ဟုယူဆမိပါသည်။ ကျွန်တော်တို့မြန်မာနိုင်ငံစိုက်ပျိုးရေးလောကတွင် မစိုက်မှီမြေကိုစနစ်တကျလေ့လာစစ်ဆေးတဲ့အလေ့အထအလွန်အားနည်းတာတွေ့ရပါတယ် ကျွန်တော့ရဲ့ထင်မြင်ယူဆချက်အမှားပါလျှင်လည်းသီးခံခွင့်လွတ်ပေးကြပါလို့မေတ္တာရပ်ခံရင်း လစ်တမတ်စက္ကူဖြင့် မြေချဥ်/ငံ (ph)တိုင်းတားနည်းလေးကိုတင်ပြခွင့်ပြုပါရစေ။
     (1)မိမိ၏လယ်မြေသို့မဟုတ် ခြံ တခြံလုံး၏ ချဥ်/ငံ(ph)စစ်ဆေးနည်း
           မိမိခြံ သို့မဟုတ်လယ်ကွက်၏ထောင့်လေးထောင့်နှင့်အလယ်ဗဟိုလ် နေရာ(5)နေရာ၌ အနက် (6)လက်မခန့်တူး၍
မြေလက်တဆုတ်ခန့်ယူပါ ထိုနေရာ(5)ခုမှ ရသောမြေအားလုံးကိုရော၍ သောက်ရေသန့်(ph7)ဖြင့်ကျဲကျဲဖျော်ပါ။
            လစ်တမတ်တရွက်ကိုဖြုတ်ယူ၍
ဖျော်ထားသောရေနှင့်တို့ပါ အရောင်ပြောင်းသွားသည်ကိုတွေ့ရမည့် ရရှိသောအရောင်ကို
ကဒ်တွင်ဖော်ပြထားသော အရောင်နှင့်တိုက်ပါ မည်သည့်ဂဏန်းနှင့်တူညီပါနည်း တူညီသောဂဏန်းသည် ထိုခြံ
 သို့မဟုတ် ထိုလယ်တခုလုံး၏ ဖျှမ်းမျှ ချဥ်/ငံ(ph)ကိုရပါမည်။
    အထက်ပါနည်းအတိုင်းအပင်၏အခြေ၌သင့်တင့်သောအနက် တူး၍ လက်တဆုတ်ခန့်မြေကို  မြေချဥ်/ငံ(ph)ကိုတိုင်းတာစစ်ဆေးနိုင်ပါသည်။အဆင်ေပြပါေစဗျာ
     

No comments:

Post a Comment

မင်္ဂလာပါ TKIFARMER BLOG မှ ကြိုဆိုပါတယ်ခင်ဗျာ........