Tuesday, April 7, 2020

ကိုင်းထိုးခြင်း / ဖြတ်တောက်မျိုးပွားရာတွင် လုပ်ဆောင်ရမည့်အချက်များ

မင်္ဂလာပါခင်ဗျာ------အပင်အမျိုးမျိုးအတွက်
ကိုင်းထိုးခြင်း / ဖြတ်တောက်မျိုးပွားရာတွင် လုပ်ဆောင်ရမည့်အချက်များ

(၁) ကိုင်းဖြတ်ခြင်းကို ပူအိုက်စိုစွတ်သော မိုးဦးကျစတွင် ပြုလုပ်နိုင်ပါသည်။
(၂) ရောဂါကင်းစင်ပြီး ရွက်အုပ်နေရောင်ရသော အပိုင်းနှင့် ပေါက်ရောက်မှု ကောင်းသော အကိုင်းငယ်များကို ရွေးချယ်ဖြတ်ယူရပါမည်။
(၃) အဆစ် (၂) ဆစ် အနည်းဆုံးပါရှိသည့် အတိုအရှည်ကို အပင်အမျိူးစားအလိုက် (၄) လက်မ ဝန်းကျင်မှ လက်မ (၃၀) ခန့်အထိ ဖြတ်တောက်နိုင်ပါသည်။
(၄) ဖြတ်စကိုင်းပေါ်ရှိ အရွက်များကြောင့် ဖြတ်စကိုင်းမခြောက်စေရန် ရာသီဥတု အပေါ် မူတည်ပြီး ချွေပေးထားရပါမည်။
(၅) ဖြတ်စ အောက်ဘက်ကို အလျားအညီတိတိ ဖြတ်မှသာ အမြစ်ထွက်အား ကောင်းပါမည်။
(၆) ဖြတ်စကိုင်းတွင် ပင်စည်ကိုင်းစပါလျှင် ပိုကောင်းပါသည်။
(၇) ဖြတ်ကိုင်းများကို ချက်ချင်း မစိုက်ပျိုးနိုင်ပါက အရိပ်ထဲတွင် ရေဖြန်းထားခြင်း၊ အဝတ်စိုဖြင့် ပတ်ထားခြင်းတို့ဖြင့် အစိုဓာတ် ထိန်းသိမ်းပေးထားသင့်ပါသည်။
(၈) မစိုက်ပျိုးမီ၊ အမြစ်ထွက် ဟော်မုန်းဆေးကို အောက်ခြေဘက်တွင် စိမ်ပြီး စိုက်သင့်ပါသည်။
(၉) ကိုင်းဖြတ် စိုက်ပျိူးရန် မြေချဉ်ငံကိန်း ၅.၅ မှ ၇.၅ အထိ ရှိသော မြေဖြစ်ရန်နှင့် မြေသြဇာကောင်းလွန်းရန် အထူး မလိုအပ်သော်လည်း၊ ရေထိန်းထားနိုင်ပြီး ရေမဝပ်ရန်မှာ အထူးပင် အရေးကြီးပါသည်။
(၁၀) ကိုင်းစိုက်ပျိူးသည့်အခါ မလှုပ်ရှားနိုင်အောင် ကိုင်းရင်းရှိမြေကို သေချာစွာ ဖိပေးရန်လိုပါသည်။
(၁၁) ကိုင်းထိပ်ဖျားစောင်း ခုတ်ထားသည့် မျက်နှာပြင်အား ရေငွေ့ပြန်ခြင်းကို ထိန်းချူပ်ရန်နှင့် မှိုရောဂါ မကျရောက်စေရန် ဖယောင်း (သို့မဟုတ်) သဘောၤဆေး သုတ်လိမ်းပြီး မျက်နှာပြင်အား အောက်ဖက်မှ ထား၍ စိုက်ပျိုးရန်လိုအပ်ပါသည်။
(၁၂) စိုက်ပျိုးပြီး အခြောက်လွန်ခြင်း ဖြစ်တတ်သောကြောင့် ရေသွင်းခြင်းကို ပြုလုပ်ပေးသင့်ပါသည်။
အဆိုပါ စနစ်၏ အားနည်းချက်မှာ ကိုင်းထိုးခြင်း ပြုလုပ်ထားသည့် အပင်သည်  သစ်စေ့မှ ထွက်သော အပင်လောက် အမြစ်ဖွဲ့စည်းအား မကောင်းခြင်းနှင့် အပင်ပုံပန်း မလှခြင်းများ ဖြစ်နိုင်ပါသည်။
စိုက်ပျိုးရေး နည်းပညာ
မျှဝေပေးလိုက်ပါတယ်ဗျာ

No comments:

Post a Comment

မင်္ဂလာပါ TKIFARMER BLOG မှ ကြိုဆိုပါတယ်ခင်ဗျာ........