မင်္ဂလာပါခင်ဗျာ သဘာဝပိုးသတ်ဆေးရည် အလွယ်တစ်ကူ
ပြုလုပ်ဖော်စပ် အသုံးပြုနည်း
အဓိကနှိမ်နင်းနိုင်သောဖျက်ပိုးများမှာ ပျ ၊ အကြေးပိုး ပိုးစေးနဲ ၊ လှေးပိုး ၊ မွှားပင့်ကူနီ ၊ ဖြုတ်စိမ်း ဖြုတ်ညို ၊ ရွက်ထွင်းပိုး ၊ ငမြှောင်တောင်တို့ဖြစ်ပါသည်။ ဆေးရည်ပြုလုပ်နည်း တမာအရွက် ၁ ပိဿာ ပဒဲကောဥအမြစ် ၁ ပိဿာ စပါးလင်အရွက်အပင် ၁ ပိဿာ စုစုပေါင်း ၃ ပိဿာအား နုတ်နုတ်စဉ်း၍ကြေညက် အာင်ထောင်းပါ ညက်အောင်ထောင်းထားသော အရွက်အဖတ်အပိုင်းအစများကိုရေ ၄ ဂါလံတွင် တစ်ညသိပ်စိမ်ပါ။နောက်တစ်နေ့တွင်အရွက်အဖတ် များဖယ်၍ ပိတ်စိမ်းပါးဖြင့်အရည်သီးသန့်စစ်ယူပါ။ ရလာတဲ့စစ်ရည် ၁ ဆကို ရေအဆ ၂၀ ရေ ၅ ဂါလံဆေးဖျန်းပုံး ၁ ပုံးကို ဆေးရည် ၁ လီတာ ရောစပ် ပက်ဖျန်းအသုံးပြုပါ။ လတ်လတ်ဆတ်ဆတ်အသုံးပြုနိုင်လေ အာနိသင် ထက်မြက်ကောင်းမွန်လေဖြစ်ပါတယ် ပိုးကျရောက်မှုများလျှင်ဆေးရည်နှုန်းထားပိုသုံးရပါမည်။ ရေ = ၅ ဂါလံ ဆေးဖျန်းပုံး ၁ ပုံးကို ဆေးရည် = ၁ လီတာခွဲမှ၂ လီတာ ထည့်သုံးရပါမည်။ တစ်ပတ် ၁ ခါ ဖျန်းပေးရပါမည်။ စိုက်ပျိုးရေး နည်းပညာ မျှဝေပေးလိုက်ပါတယ်ဗျာ
ဆေးရည်ပြုလုပ်နည်း
တမာအရွက် ၁ ပိဿာ
ပဒဲကောဥအမြစ် ၁ ပိဿာ
ရလာတဲ့စစ်ရည် ၁ ဆကို
ရေအဆ ၂၀
မျှဝေပေးလိုက်ပါတယ်ဗျှာ
No comments:
Post a Comment
မင်္ဂလာပါ TKIFARMER BLOG မှ ကြိုဆိုပါတယ်ခင်ဗျာ........