စီးပွားဖြစ် သစ်ခွပင်စိုက်ပျိုးနည်း
သစ်ခွကို အိုးစနစ်၊ခြင်းစနစ်၊ တိုင်ထောင်စနစ်၊ ချိတ်ဆွဲစနစ်၊အပင်ကြီးတွင် တွယ်ကပ်စနစ်၊ စင်တန်းစနစ် စသည့် စနစ်အမျိုးမျိုး ဆောင်ရွက်နိုင်သည်။
ဤစနစ်အမျိုးမျိုးများအနက် လက်ရှိအောင်မြင်နိုင်ပြီး စီးပွားရေးတွက်ခြေကိုက်နိုင်သောစနစ် မှာ စင်တန်းစနစ်ဖြစ်သည်။သို့အတွက် သစ်ခွစိုက်ရန် သစ်ခွရုံ၊သစ်ခွစင် ဦးစွာဆောက်လုပ်ရမည်။ သစ်ခွသည် မူလတောဂနိုင် စိမ့်စမ်းမြိုင်ထဲကပတ်၀န်းကျင် သဘာ၀အခြေအနေအတိုင်းထူထောင်ဖန်တီးပေးနိုင်မှသာ ဖွံ့ဖြိုးကြီးထွားနိုင်သည်။
သို့မဟုတ်လျှင် ဖြစ်ထွန်းမှုနှေးကွေးပြီး ကြန့်ကြာနိုင်သည်။ သစ်ခွစင်တန်းများ ပတ်၀န်းကျင်တွင် သူ့သဘာ၀စိုထိုင်းဆနှင့် ပတ်၀န်းကျင်ရရှိအောင်အပေါ်မှ Hori Net ဖြင့် မိုးပေးရသည်။သစ်ခွရုံသည် အလင်းရောင်လုံလောက်စွာရရှိရသည်။ လေ၀င်လေထွက် ကောင်းမွန်ရမည်။ သို့အတွက် အမိုးကို မမြင့်လွန်းမနိမ့်လွန်း မိုးပေးရသည်။ သစ်ခွစင်တန်းများ ပတ်၀န်းကျင်တွင် စိုထိုင်းဆ ၂၀ မှ၂၅ ရာခိုင်နှုန်းရှိအောင် ပြုပြင်ဖန်တီးပေးရန်လိုအပ်သည်။
သစ်ခွစင်တန်း တည်ဆောက်ရာတွင်ထိပ်အကျယ် လေးပေ၊ အရှည် ပေ ၁၀၀၊အမြင့် သုံးပေ၊ ခြောက်ပေ နှစ်ထပ်စင်ဆောက်ရသည်။ စင်ပေါ်တွင် သစ်သားတန်း တစ်တန်းနှင့်တစ်တန်း ၁၀ လက်မခြား ကန့်လန့်ရိုက်ရသည်။ စင်တစ်စင်နှင့်တစ်စင်ကြား လူသွားလမ်း သုံးပေခွဲချန်ထားပေးရသည်။ အပင်ပြုစုစောင့်ရှောက်ထိန်းသိမ်း နိုင်ရန် ဖြစ်သည်။ စင်အောက်တွင် စိုထိုင်းဆကောင်းပြီး စိမ့်အေးနေစေရန် အနက်လေးလက်မတူးပြီး ၎င်းထဲသို့ အုန်းဆံမှုန့်၊ စက်ဖွဲပြာ၊ သဲစသည်များ ဖြန့်ခင်းပေးထားရမည်။ စင်တွင်အသုံးပြုသော သစ်သားများတွင် မှိုရောဂါများ ကပ်ပါလာနိုင်သဖြင့် စင်ဆောက်ပြီးပါက မှိုသတ်ဆေးဖျန်းပေးရန် လိုအပ်သည်။
သစ်ခွမျိုးပွားရန်နှင့်စိုက်ပျိုးရန်အတွက် အသုံးပြုမည့် အုန်းဆံခွံများကို မှိုသတ်ဆေးနှင့် ဘီ ၁(B1)အားဆေး ဖျော်စပ်ထားသော ဆေးရည်တွင် တစ်ပတ်ခန့်စိမ် ပေးရသည်။ ဤသို့စိမ်လိုက်ပါက ရောဂါလည်းကင်းမည်။ အုန်းဆံခွံများလည်း ပွလာမည်။ အုန်းဆံခွံများကို အမြစ်တွယ်ကပ်အားကောင်းစေရန် အမြစ်ကုပ်မြန်စေရန် ပွနေအောင် ထုပြီးမှ အသုံးပြုရန် လိုအပ်သည်။
သစ်ခွစင်နှင့် သစ်ခွရုံဆောက်ပြီးပါက သစ်ခွပင်များ မစိုက်ပျိုးမီ သစ်ခွစင်များနှင့် အောက်ကြမ်းခင်းတွေပါ အားလုံးစိုရွှဲပြီး ရေဝနေစေရန် ဖျန်းပြီးမှ စိုက်ပျိုးရန်လိုအပ်သည်။
စိုက်ပျိုးသည့်အခါ သစ်ခွပျိုးပင်အမြစ်ဇုန်ကို စင်ဘေးရှိ တန်းနှင့်မြဲနေအောင် ချည်နှောင်ပြီး တွယ်ကပ်စိုက်ပျိုးမိရန် သတိပြုရသည်။ သို့မဟုတ်လျှင် တော်တော်နှင့် အမြစ်မစွဲဘဲ အပင်သေသွားနိုင်သည်။ စင်တန်းပေါ်တွင် တစ်ပင်နှင့်တစ်ပင်ရှစ်လက်မခြား စိုက်ပျိုးပေးရသည်။
အပင်အကွာအဝေး အမျိုးအစားအလိုက် ကွာခြားမှုရှိနိုင်သည်။သစ်ခွတစ်ပင်သည် ၁၀ ပင်မှ ၁၂ ပင်အထိ ပွားနိုင်ပြီး တစ်နှစ် သုံးလေးကြိမ် ရိတ်သိမ်းဖြတ်ယူနိုင်သည်။သစ်ခွ စိုက်ပြီးလျှင် အပင်များကြီးထွားဖွံ့ဖြိုးရန် ရေပေးသည့် စနစ်နှင့်မြေသြဇာကျွေးသည့် စနစ်သည် အရေးကြီးသည်။
ရေသည် PH ၆မှ ၇ ဒသမ ၅ ရှိလျှင် ပိုကောင်းသည်။ ဆားဓာတ်၊သံဓာတ်၊ထုံးဓာတ်များသောရေကိုမသုံး
သင့်ပေ။ နံနက်တစ်ကြိမ်၊ညနေတစ်ကြိမ်ရေပေးရန်
လိုအပ်သည်။ မိုးရာသီတွင်ရေပေးချိန်လျော့နိုင်သည်။ ရေပိုက်နှင့်တိုက်ရိုက် ရေပေးလျှင် အမြစ်ဇုန်ကို ရေအားနှင့် မလောင်းမိစေရန် သတိပြုသင့်သည်။ အပေါ်မှ ရေပန်းခေါင်းဖြင့် ရေမှုန်မွှားအသွင် ဖျန်ပေးနိုင်လျှင် ပို၍ကောင်းသည်။
အပင်ကြီးထွားမှု ကောင်းစေရန် အစာအာဟာရနှင့် ရေပေးမှန်လျှင် မှန်သလောက်အပင်ကြီးထွားပါသည်။
စိုက်ပျိုးရေး နည်းပညာများ
မျှဝေပေးလိုက်ပါတယ်ဗျာ

No comments:
Post a Comment
မင်္ဂလာပါ TKIFARMER BLOG မှ ကြိုဆိုပါတယ်ခင်ဗျာ........