Wednesday, April 8, 2020

သပ်သွင်းကိုင်းဆက်နည်းဖြင့် မင်းဂွတ်ပင်မျိုးပွားနည်း သပ္သြင္းကိုင္းဆက္နည္းျဖင့္ မင္းဂြတ္ပင္မ်ိဳးပြားနည္း

မင်္ဂလာပါခင်ဗျာ   သပ်သွင်းကိုင်းဆက်နည်းဖြင့် မင်းဂွတ်ပင်မျိုးပွားနည်း


အောက်ခံပင်ကို မျိုးစေ့မှ ပျိုးထောင်ပါ အောက်ခံပင် ပင်စည်လုံးပတ်ခဲတံလုံးအရွယ်ရလျှင်ကိုင်းဆက်
နိုင်ပါသည်။
ဖြောင့်စင်းချောမွေ့သော ဆစ်ကြားပိုင်းရွေးချယ်ပြီး အဆစ်အောက်မှကပ်၍ ပင်စည်ကို ဓားဖြင့် ဖြတ်ပါ။
ဖြတ်ပြီး ပျိုးပင်ငုတ်တိုကို အလည်တည့်တည့်ကို နှစ်လက်မလောက် ဓါးနဲ့ခွဲပါ ပင်ပျိုအသေးအကြီးပေါ် မူတည်ပြီး ပျိုးပင်ငုတ်တိုကိုခွဲပါ အသီးသီးနေတဲ့ အပင်အရင့်က ကိုင်းဖျားကို ဖြတ်ယူပါ ပျိုးပင်ငှတ်တိုင်လုံးပတ်နဲ့အရွယ်တူတဲ့ ကိုင်းဖျားကိုယူပါ။
ပင်ရင့်ကိုင်းဖျား ဖြတ်ထားတဲ့နေရာကို V ပုံစံ
တူရွင်းပြားလို ချွန်ပါ။ပျိုးပင်ငုတ်တို ဓါးနဲ့ခွဲထားတဲ့နေရာမှာထိုးသွင်းပါ။
အဲ့အဆက်နေရာကို ပတ်တီးစီးသလို ပလပ်စတစ်နဲ့စည်းပါ။ ပလပ်စတစ်အိတ်အကြည်ကို ပတ်တီးပုံစုံဖြတ်ပြီးစည်းပါ။
ဆက်ရာအောက်နားအထိ ပလပ်စတစ်အိတ်စွတ်ပြီး အဝကို ချည်ထားပါ။ အဆက်နေရာကို ပိုးမဝင်အောင်နဲ့ အစိုဓါတ်ကိုထိန်းထားဖို့ဖြစ်ပါတယ်။
အကိုင်းဆက်ပြီး အပင်ကို ရေအစိုဓာတ် မပြတ်စေရပါ။
အရိပ်မှာ ထားပါ၊ ၄၅ ရက်လောက်အကြာမှာ ဆက်ရာလည်း စေ့လာလိမ့်မယ်၊ ရွက်နုထွက်လာမယ် အဲ့ဒီအခါမှာ စွတ်ထားတဲ့ ပလပ်စတစ်အိတ်ကို ဖယ်ရှားလိုက်ပါ။
နေရောင်မပြင်းတဲ့နေရာမှာ ဆက်လက်ပျိုးထားပါ။
အပင်သန်မာလာပြီးနောက် စိုက်ခင်းထဲကို ပြောင်းစိုက်နိုင်ပါပြီ။
ကိုင်းကူးရန်အသင့်တော်ဆုံးကာလမှာ အဖူးကိုင်းနှင့် အောက်ခံပင်နိုးကြားတဲ့ ကာလတွေဖြစ်တဲ့ မေလ မှ အောက်တိုဘာလအတွင်းနဲ့ ဇူလိုင်လမှ မတ်လအတွင်း ကိုင်းကူးတာအကောင်းဆုံးဖြစ်ပါသည်။အားလုံးအဆင်ပြေကြပါစေဗျာ.......................

သပ္သြင္းကိုင္းဆက္နည္းျဖင့္ မင္းဂြတ္ပင္မ်ိဳးပြားနည္း
ေအာက္ခံပင္ကို မ်ိဳးေစ့မွ ပ်ိဳးေထာင္ပါ ေအာက္ခံပင္ ပင္စည္လုံးပတ္ခဲတံလုံးအ႐ြယ္ရလွ်င္ကိုင္းဆက္
ႏိုင္ပါသည္။
ေျဖာင့္စင္းေခ်ာေမြ႕ေသာ ဆစ္ၾကားပိုင္းေ႐ြးခ်ယ္ၿပီး အဆစ္ေအာက္မွကပ္၍ ပင္စည္ကို ဓားျဖင့္ ျဖတ္ပါ။
ျဖတ္ၿပီး ပ်ိဳးပင္ငုတ္တိုကို အလည္တည့္တည့္ကို ႏွစ္လက္မေလာက္ ဓါးနဲ႔ခြဲပါ ပင္ပ်ိဳအေသးအႀကီးေပၚ မူတည္ၿပီး ပ်ိဳးပင္ငုတ္တိုကိုခြဲပါ အသီးသီးေနတဲ့ အပင္အရင့္က ကိုင္းဖ်ားကို ျဖတ္ယူပါ ပ်ိဳးပင္ငွတ္တိုင္လုံးပတ္နဲ႔အ႐ြယ္တူတဲ့ ကိုင္းဖ်ားကိုယူပါ။
ပင္ရင့္ကိုင္းဖ်ား ျဖတ္ထားတဲ့ေနရာကို V ပုံစံ 
တူ႐ြင္းျပားလို ခြၽန္ပါ။ပ်ိဳးပင္ငုတ္တို ဓါးနဲ႔ခြဲထားတဲ့ေနရာမွာထိုးသြင္းပါ။
အဲ့အဆက္ေနရာကို ပတ္တီးစီးသလို ပလပ္စတစ္နဲ႔စည္းပါ။ ပလပ္စတစ္အိတ္အၾကည္ကို ပတ္တီးပုံစုံျဖတ္ၿပီးစည္းပါ။
ဆက္ရာေအာက္နားအထိ ပလပ္စတစ္အိတ္စြတ္ၿပီး အဝကို ခ်ည္ထားပါ။ အဆက္ေနရာကို ပိုးမဝင္ေအာင္နဲ႔ အစိုဓါတ္ကိုထိန္းထားဖို႔ျဖစ္ပါတယ္။
အကိုင္းဆက္ၿပီး အပင္ကို ေရအစိုဓာတ္ မျပတ္ေစရပါ။
အရိပ္မွာ ထားပါ၊ ၄၅ ရက္ေလာက္အၾကာမွာ ဆက္ရာလည္း ေစ့လာလိမ့္မယ္၊ ႐ြက္ႏုထြက္လာမယ္ အဲ့ဒီအခါမွာ စြတ္ထားတဲ့ ပလပ္စတစ္အိတ္ကို ဖယ္ရွားလိုက္ပါ။
ေနေရာင္မျပင္းတဲ့ေနရာမွာ ဆက္လက္ပ်ိဳးထားပါ။
အပင္သန္မာလာၿပီးေနာက္ စိုက္ခင္းထဲကို ေျပာင္းစိုက္ႏိုင္ပါၿပီ။
ကိုင္းကူးရန္အသင့္ေတာ္ဆုံးကာလမွာ အဖူးကိုင္းႏွင့္ ေအာက္ခံပင္ႏိုးၾကားတဲ့ ကာလေတြျဖစ္တဲ့ ေမလ မွ ေအာက္တိုဘာလအတြင္းနဲ႔ ဇူလိုင္လမွ မတ္လအတြင္း ကိုင္းကူးတာအေကာင္းဆုံးျဖစ္ပါသည္။အားလုံးအဆင္ေျပၾကပါေစဗ်ာ.......................

No comments:

Post a Comment

မင်္ဂလာပါ TKIFARMER BLOG မှ ကြိုဆိုပါတယ်ခင်ဗျာ........