Wednesday, April 8, 2020

အိမ်ခြံဝင်းအတွင်စားသုံးသီးနှံရွေးချယ်စိုက်ပျိုးနည်း

မင်္ဂလာပါခင်ဗျာ
အိမ်ခြံဝင်းအတွင်း စားသုံးသီးနှံစိုက်ပျိုးဖို့ ဘယ်လိုသီးနှံကို ရွေးချယ်စိုက်ပျိုးရမလဲဆိုတာကိုတင်ပြပေးလိုက်ပါတယ်

အိမ်ခြံဝင်းအတွင်း သီးပင်စားပင်တွေ စိုက်ချင်ပါတယ်။ ဘယ်လိုသီးနှံစိုက်ပျိုးရမလဲဆိုတဲ့သူတွေအတွက် အခုပို့စ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
အိမ်ခြံဝင်းအတွင်း စားသုံးသီးနှံတွေ စိုက်ပျိုးတဲ့အခါ တစ်နှစ်ပတ်လုံးခူးဆွတ်စားသုံးနိုင်တဲ့ အပင်မျိုးတွေကို ဦး စားပေးစိုက်ပျိုးဖို့လိုအပ်သလို ရာသီအလိုက်စားသုံးရတဲ့ နှစ်ရှည်စားသုံးသီးနှံတွေအပြင် အိမ်ထောင်စုဝင် မိသား စုတွေ စားသုံးနိုင်ဖို့အတွက် ရာသီအလိုက် ဟင်းသီးဟင်းရွက်ပင်တွေနဲ့ အလှစိုက်ပင်တွေကိုလည်း တွဲဖက်စိုက် ပျိုး နိုင်ပါတယ်။
 နှစ်ရှည်စားသုံးသီးပင်တွေထဲမှာမှ တစ်နှစ်ပတ်လုံး စားသုံးနိုင်တဲ့ သီးနှံပင်တွေကတော့ ကင်ပွန်း ချဉ်ပင်၊ ဆူးပုပ်ပင်၊ ပေါက်ပန်းဖြူ၊ ဒန့်သလွန်၊ ရဲယိုစတာတွေစိုက်ပျိုးနိုင်ပါတယ်။ မန်ကျည်းပင်တွေကို အတန်း လိုက်စိပ်စိပ်စိုက်ထားပြီး အချိန်မှန်ကိုင်းဖြတ်ပုံသွင်းတာ၊ အညွန့်တွေကို ပုံမှန်ဖြတ်ယူစားသုံးတာတွေ လုပ်ပေး ခြင်းအားဖြင့် အမြဲလှပသေသပ်တဲ့ ခြံစည်းရိုးအဖြစ်လည်း ရှိနေစေမှာဖြစ်ပါတယ်။ နှစ်ရှည်အပင်ကြီးတွေအဖြစ် သရက်၊ ဆီးဖြူပင်၊ သလဲပင်၊ သံပုရာစတဲ့အပင်တွေကို စိုက်ပျိုးနိုင်ပါတယ်။ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်လို  အေးမြတဲ့ ဒေသတွေမှာတော့ ထောပတ်၊ မက်မန်းပင်၊ လိမ္မော် စတာတွေကို စိုက်ပျိုးနိုင်ပါတယ်။
နှစ်ရှည်အပင်ကြီးတွေကို စိုက်တဲ့အခါမှာတော့ အပင်အမျိုးအစားလိုက် အပင်ကြီးထွားဖွံ့ဖြိုးမှု အခြေအနေကို သိရှိထားဖို့ လိုပါတယ်။ အပင်တစ်ပင်ရဲ့အရိပ်က အခြားအပင်ကို မိုးမထားစေဖို့လိုအပ်တဲ့ ကိုင်းဖြတ်၊ ကိုင်းရှင်း ပုံမှန်လုပ်ပေးဖို့လိုပါတယ်။ ခြံစည်းရိုးနဲ့မလွတ်ကင်းရင်တော့ အိမ်နီးချင်းနဲ့ နားလည်မှုယူပြီး သေချာစနစ်တကျ  ပြင်ဆင်ပြီးမှ စိုက်ပျိုးဖို့လိုပါတယ်။ အသီးထက် အရွက်နုစားသုံးဖို့အတွက် သီဟိုဠ်ပင်၊ ဥသျှစ်ပင်၊  စောင်းလျား ပင်၊ သင်္ဘောပင် စတာတွေကိုလည်း စိုက်ပျိုးနိုင်ပါတယ်။ ပြီးတော့ အပင်အလတ်အရွယ်တွေဖြစ်တဲ့ သံပုယို၊ သလဲ၊ခံပင်တွေကို ဆေးဖက်ဝင်အပင်အဖြစ် စိုက်ပျိုးနိုင်ပါတယ်။
ဒါ့အပြင် တစ်နှစ်ပတ်လုံးစိုက်ပျိုးစားသုံးနိုင်တဲ့ ရာသီဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ဟင်းနုနယ်၊ ချဉ်ပေါင်၊ ကန်စွန်း၊ မုန်ညှင်းစတာတွေကို နေရာသတ်မှတ်စိုက် ပျိုးပြီး အပင်တစ်ပင်လုံးနုတ်ယူစားသုံးခြင်းမပြုပဲ အရွက်၊ အညွန့်တွေကိုသာ ခူးဆွတ်စားသုံးခြင်းဖြင့် စိုက်ခင်း  တွေမှာ ကာလကြာရှည်ထားပြီး စားသုံးနိုင်မှာဖြစ်ပါတယ်။ အသီးစား ဟင်းသီးဟင်းရွက်တွေထဲမှာမှ စိုက်ပျိုး ဖို့လွယ်ကူတဲ့ သခွား၊ ကင်းပုံ၊ ပဲတောင့်ရှည် စတဲ့နွယ်တက်ပင်မျိုးတွေကိုလည်း ခြံစည်းရိုးတွေမှာ စိုက်ပျိုး ထားနိုင်ပါတယ်။ ဒါ့အပြင် ရုံးပတီလည်း စိုက်ပျိုးရလွယ်ကူပြီး ငရုတ်တွေထဲမှာမှ ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ကာလကြာရှည် စိုက်ပျိုးခူးဆွတ်စားသုံးနိုင်မယ့်မိုးမျှော်၊ ကုလားအော် ပြီးတော့ ခရမ်း၊ ခရမ်းချဉ်စတဲ့ အသီးစား ဟင်းသီးဟင်းရွက်ပင်တွေကိုတော့ ကိုယ်စားသုံးလလိုတဲ့မျိုးတွေကို စနစ်တကျ လေ့လာရွေးချယ်ပြီးမှ မိသား စုစားနိုင်မယ့် ပမာဏကို ရရှိနိုင်စေဖို့ အပင်အရေအတွက် သတ်မှတ်စိုက်ပျိုးသင့်ပါတယ်။
ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများတဲ့ ပင်စိမ်း၊ စပါးလင်တွေကိုတော့ နည်းနည်းစီစိုက်ပျိုးထားပြီး ရှမ်းနံနံနဲ့ ကြက်သွန်မြိတ်၊ ပူဒီနာစတဲ့ အပင်တွေကိုတော့ အခြားအပင်တွေနဲ့ ကြားညှပ်စိုက်ပျိုးနိုင်ပါတယ်။ ပျဉ်းတော်သိမ်ကိုလည်း အခြားအပင်တွေနဲ့ အတူ ကြားညှပ်စိုက်ပျိုးနိုင်ပါတယ်။ ရွှေဖရုံ၊ ကျောက်ဖရုံ၊ နွေပဲလို နွယ်တက်ပင်တွေကိုတော့ အပင်ကြီးတွေပေါ် ဒါမှမဟုတ် ဓနိ၊ ထန်း၊ ဝါးကဒ် စတဲ့အပင်ထွက်ပစ္စည်းတွေနဲ့ မိုး ထားတဲ့ အဆောက်အဦးပေါ်ကို တက်စေပြီး အသီးတွေကို ခူးဆွတ်နိုင်ပါတယ်။ ဂေါ်ရခါး၊ ဘူး စတဲ့အပင်  တွေ ကိုတော့ မြေနေရာရရှိနိုင်မှုပေါ်မူတည်ပြီး စင်တွေထိုးထားပေးရင် အရွက်၊ အညွန့်တွေကို အလွယ်တကူ ခူးယူ စားသုံးနိုင်မှာဖြစ်ပါတယ်။
ဒီလိုအိမ်ခြံဝင်းအတွင်း စိုက်ပျိုးတဲ့သီးနှံပင်တွေအတွက်ကိုလည်း လိုအပ်တဲ့အစာအာဟာရဓာတ်တွေ ထည့်သွင်း    ပေးဖို့လိုအပ်ပါတယ်။ စီးပွားဖြစ်စိုက်ပျိုးတဲ့သီးနှံတွေကို ဓာတုမြေသြဇာထည့်သွင်းအသုံးပြုပေမယ့် ဒီလို အိမ်ခြံ ဝင်းအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးတဲ့ သီးနှံတွေကိုတော့ သဘာဝမြေသြဇာတွေဖြစ်တဲ့  ကောင်းကောင်းဆွေး မြေ့တဲ့ တိရိစ္ဆာန်အညစ်အကြေး၊ မြေဆွေး၊ သစ်ရွက်ဆွေး စတာတွေကိုသာ အသုံးပြုသင့်ပါတယ်။ ပိုးမွှားရော ဂါကျရောက်ခဲ့ရင် ဖျက်ဆီးမှုများကို ကာကွယ်နှိမ်နင်းနိုင်ဖို့ ဓာတုဆေးဝါးတွေမသုံးပဲ အပင်အခြေခံသဘာဝ ပိုးသတ်ဆေးတွေကို သုံးစွဲသင့်ပါတယ်။လိုအပ်တဲ့အာဟာရဓာတ်တွေကို မြေပြင်စဉ်မှာကတည်းက ထည့်သွင်း အသုံးပြုရမှာဖြစ်ပြီး အပင်ကြီးထွားမှုအလိုက် အကြိမ်ကြိမ်ထပ်မံထည့်သွင်းပေးဖို့လည်း လိုအပ်ပါတယ်။

အပင် အခြေခံသဘာဝပိုးသတ်ဆေးတွေကို ပြုလုပ်သုံးစွဲခြင်းအားဖြင့် မိသားစုများ အန္တရာယ်ကင်းစွာ စားသုံးနိုင်မှာ ဖြစ်ပါတယ်။ သီးနှံတွေ ခူးဆွတ်တဲ့အချိန်မှာလည်း လိုအပ်တဲ့ပမာဏကိုသာ ခူးဆွတ်ခြင်းဖြင့် အလေအလွင့်မရှိပဲ လတ်လတ်ဆတ်ဆတ်စားသုံးနိုင်မှာဖြစ်တဲ့အပြင် သီးနှံတွေမှာ ပါဝင်တဲ့ အာဟာရဓာတ်  လျော့နည်းပျောက်ဆုံး မှုကိုလည်း နည်းပါးစေတာကြောင့် စားသုံးသူရဲ့ ကျန်းမာရေးကိုလည်း များစွာ အထောက်အကူပြုစေမှာဖြစ်ပါ တယ်။
အိမ္ၿခံဝင္းအတြင္း စားသံုးသီးႏွံစိုက္ပ်ဳိးဖို႔ ဘယ္လိုသီးႏွံကို ေရြးခ်ယ္စုိက္ပ်ိဳးရမလဲ
အိမ္ၿခံဝင္းအတြင္း သီးပင္စားပင္ေတြ စိုက္ခ်င္ပါတယ္။ ဘယ္လိုသီးႏွံစိုက္ပ်ိဳးရမလဲဆိုတဲ့သူေတြအတြက္ အခုပို႔စ္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ခင္ဗ်ာ။
အိမ္ၿခံဝင္းအတြင္း စားသံုးသီးႏွံေတြ စိုက္ပ်ိဳးတဲ့အခါ တစ္ႏွစ္ပတ္လံုးခူးဆြတ္စားသံုးႏုိင္တဲ့ အပင္မ်ိဳးေတြကို ဦး စားေပးစိုက္ပ်ိဳးဖို႔လိုအပ္သလို ရာသီအလိုက္စားသံုးရတဲ့ ႏွစ္႐ွည္စားသံုးသီးႏွံေတြအျပင္ အိမ္ေထာင္စုဝင္ မိသား စုေတြ စားသံုးႏိုင္ဖို႔အတြက္ ရာသီအလိုက္ ဟင္းသီးဟင္းရြက္ပင္ေတြနဲ႔ အလွစိုက္ပင္ေတြကိုလည္း တြဲဖက္စိုက္ ပ်ိဳး ႏုိင္ပါတယ္။
 ႏွစ္႐ွည္စားသံုးသီးပင္ေတြထဲမွာမွ တစ္ႏွစ္ပတ္လံုး စားသံုးႏိုင္တဲ့ သီးႏွံပင္ေတြကေတာ့ ကင္ပြန္း ခ်ဥ္ပင္၊ ဆူးပုပ္ပင္၊ ေပါက္ပန္းျဖဴ၊ ဒန္႔သလြန္၊ ရဲယိုစတာေတြစိုက္ပ်ိဳးႏုိင္ပါတယ္။ မန္က်ည္းပင္ေတြကို အတန္း လိုက္စိပ္စိပ္စိုက္ထားၿပီး အခ်ိန္မွန္ကိုင္းျဖတ္ပံုသြင္းတာ၊ အညြန္႔ေတြကို ပံုမွန္ျဖတ္ယူစားသံုးတာေတြ လုပ္ေပး ျခင္းအားျဖင့္ အၿမဲလွပေသသပ္တဲ့ ၿခံစည္း႐ိုးအျဖစ္လည္း ႐ွိေနေစမွာျဖစ္ပါတယ္။ ႏွစ္႐ွည္အပင္ႀကီးေတြအျဖစ္ သရက္၊ ဆီးျဖဴပင္၊ သလဲပင္၊ သံပုရာစတဲ့အပင္ေတြကို စိုက္ပ်ိဳးႏုိင္ပါတယ္။ ႐ွမ္းျပည္နယ္၊ ခ်င္းျပည္နယ္လို  ေအးျမတဲ့ ေဒသေတြမွာေတာ့ ေထာပတ္၊ မက္မန္းပင္၊ လိေမၼာ္ စတာေတြကို စိုက္ပ်ိဳးႏုိင္ပါတယ္။
ႏွစ္႐ွည္အပင္ႀကီးေတြကို စိုက္တဲ့အခါမွာေတာ့ အပင္အမ်ိဳးအစားလိုက္ အပင္ႀကီးထြားဖြံ႕ၿဖိဳးမႈ အေျခအေနကို သိ႐ွိထားဖို႔ လုိပါတယ္။ အပင္တစ္ပင္ရဲ႕အရိပ္က အျခားအပင္ကို မိုးမထားေစဖို႔လိုအပ္တဲ့ ကိုင္းျဖတ္၊ ကိုင္း႐ွင္း ပံုမွန္လုပ္ေပးဖို႔လိုပါတယ္။ ၿခံစည္း႐ိုးနဲ႔မလြတ္ကင္းရင္ေတာ့ အိမ္နီးခ်င္းနဲ႔ နားလည္မႈယူၿပီး ေသခ်ာစနစ္တက်  ျပင္ဆင္ၿပီးမွ စိုက္ပ်ိဳးဖို႔လိုပါတယ္။ အသီးထက္ အရြက္ႏုစားသံုးဖို႔အတြက္ သီဟိုဠ္ပင္၊ ဥသွ်စ္ပင္၊  ေစာင္းလ်ား ပင္၊ သေဘၤာပင္ စတာေတြကိုလည္း စိုက္ပ်ိဳးႏုိင္ပါတယ္။ ၿပီးေတာ့ အပင္အလတ္အရြယ္ေတြျဖစ္တဲ့ သံပုယို၊ သလဲ၊ခံပင္ေတြကို ေဆးဖက္ဝင္အပင္အျဖစ္ စိုက္ပ်ိဳးႏိုင္ပါတယ္။
ဒါ့အျပင္ တစ္ႏွစ္ပတ္လံုးစိုက္ပ်ိဳးစားသံုးႏိုင္တဲ့ ရာသီဟင္းသီးဟင္းရြက္ေတြျဖစ္တဲ့ ဟင္းႏုနယ္၊ ခ်ဥ္ေပါင္၊ ကန္စြန္း၊ မုန္ညႇင္းစတာေတြကို ေနရာသတ္မွတ္စိုက္ ပ်ိဳးၿပီး အပင္တစ္ပင္လံုးႏုတ္ယူစားသံုးျခင္းမျပဳပဲ အရြက္၊ အညြန္႔ေတြကိုသာ ခူးဆြတ္စားသံုးျခင္းျဖင့္ စိုက္ခင္း  ေတြမွာ ကာလၾကာ႐ွည္ထားၿပီး စားသံုးႏိုင္မွာျဖစ္ပါတယ္။ အသီးစား ဟင္းသီးဟင္းရြက္ေတြထဲမွာမွ စိုက္ပ်ိဳး ဖို႔လြယ္ကူတဲ့ သခြား၊ ကင္းပံု၊ ပဲေတာင့္႐ွည္ စတဲ့ႏြယ္တက္ပင္မ်ိဳးေတြကိုလည္း ၿခံစည္း႐ိုးေတြမွာ စိုက္ပ်ိဳး ထားႏိုင္ပါတယ္။ ဒါ့အျပင္ ႐ံုးပတီလည္း စိုက္ပ်ိဳးရလြယ္ကူၿပီး ငရုတ္ေတြထဲမွာမွ ရာသီမေရြးစိုက္ပ်ိဳးႏုိင္ၿပီး ကာလၾကာ႐ွည္ စိုက္ပ်ိဳးခူးဆြတ္စားသံုးႏုိင္မယ့္မိုးေမွ်ာ္၊ ကုလားေအာ္ ၿပီးေတာ့ ခရမ္း၊ ခရမ္းခ်ဥ္စတဲ့ အသီးစား ဟင္းသီးဟင္းရြက္ပင္ေတြကိုေတာ့ ကိုယ္စားသံုးလလိုတဲ့မ်ိဳးေတြကို စနစ္တက် ေလ့လာေရြးခ်ယ္ၿပီးမွ မိသား စုစားႏုိင္မယ့္ ပမာဏကို ရ႐ွိႏိုင္ေစဖို႔ အပင္အေရအတြက္ သတ္မွတ္စို္က္ပ်ိဳးသင့္ပါတယ္။
ဟင္းခတ္အေမႊးအႀကိဳင္အျဖစ္ အသံုးမ်ားတဲ့ ပင္စိမ္း၊ စပါးလင္ေတြကိုေတာ့ နည္းနည္းစီစိုက္ပ်ိဳးထားၿပီး ႐ွမ္းနံနံနဲ႔ ၾကက္သြန္ၿမိတ္၊ ပူဒီနာစတဲ့ အပင္ေတြကိုေတာ့ အျခားအပင္ေတြနဲ႔ ၾကားညႇပ္စိုက္ပ်ိဳးႏိုင္ပါတယ္။ ပ်ဥ္းေတာ္သိမ္ကိုလည္း အျခားအပင္ေတြနဲ႔ အတူ ၾကားညႇပ္စိုက္ပ်ိဳးႏုိင္ပါတယ္။ ေရႊဖ႐ံု၊ ေက်ာက္ဖ႐ံု၊ ေႏြပဲလို ႏြယ္တက္ပင္ေတြကိုေတာ့ အပင္ႀကီးေတြေပၚ ဒါမွမဟုတ္ ဓနိ၊ ထန္း၊ ဝါးကဒ္ စတဲ့အပင္ထြက္ပစၥည္းေတြနဲ႔ မိုး ထားတဲ့ အေဆာက္အဦးေပၚကို တက္ေစၿပီး အသီးေတြကို ခူးဆြတ္ႏိုင္ပါတယ္။ ေဂၚရခါး၊ ဘူး စတဲ့အပင္  ေတြ ကိုေတာ့ ေျမေနရာရ႐ွိႏုိင္မႈေပၚမူတည္ၿပီး စင္ေတြထိုးထားေပးရင္ အရြက္၊ အညြန္႔ေတြကို အလြယ္တကူ ခူးယူ စားသံုးႏိုင္မွာျဖစ္ပါတယ္။
ဒီလိုအိမ္ၿခံဝင္းအတြင္း စိုက္ပ်ိဳးတဲ့သီးႏွံပင္ေတြအတြက္ကိုလည္း လိုအပ္တဲ့အစာအာဟာရဓာတ္ေတြ ထည့္သြင္း    ေပးဖို႔လိုအပ္ပါတယ္။ စီးပြားျဖစ္စိုက္ပ်ိဳးတဲ့သီးႏွံေတြကို ဓာတုေျမၾသဇာထည့္သြင္းအသံုးျပဳေပမယ့္ ဒီလို အိမ္ၿခံ ဝင္းအတြင္း တစ္ႏိုင္တစ္ပိုင္စိုက္ပ်ိဳးတဲ့ သီးႏွံေတြကိုေတာ့ သဘာဝေျမၾသဇာေတြျဖစ္တဲ့  ေကာင္းေကာင္းေဆြး ေျမ႕တဲ့ တိ႐ိစာၦန္အညစ္အေၾကး၊ ေျမေဆြး၊ သစ္ရြက္ေဆြး စတာေတြကိုသာ အသံုးျပဳသင့္ပါတယ္။ ပိုးမႊားေရာ ဂါက်ေရာက္ခဲ့ရင္ ဖ်က္ဆီးမႈမ်ားကို ကာကြယ္ႏွိမ္နင္းႏိုင္ဖုိ႔ ဓာတုေဆးဝါးေတြမသံုးပဲ အပင္အေျခခံသဘာဝ ပိုးသတ္ေဆးေတြကို သံုးစြဲသင့္ပါတယ္။လိုအပ္တဲ့အာဟာရဓာတ္ေတြကို ေျမျပင္စဥ္မွာကတည္းက ထည့္သြင္း အသံုးျပဳရမွာျဖစ္ၿပီး အပင္ႀကီးထြားမႈအလိုက္ အႀကိမ္ႀကိမ္ထပ္မံထည့္သြင္းေပးဖို႔လည္း လိုအပ္ပါတယ္။
အပင္ အေျခခံသဘာဝပိုးသတ္ေဆးေတြကို ျပဳလုပ္သံုးစြဲျခင္းအားျဖင့္ မိသားစုမ်ား အႏၱရာယ္ကင္းစြာ စားသံုးႏုိင္မွာ ျဖစ္ပါတယ္။ သီးႏွံေတြ ခူးဆြတ္တဲ့အခ်ိန္မွာလည္း လိုအပ္တဲ့ပမာဏကိုသာ ခူးဆြတ္ျခင္းျဖင့္ အေလအလြင့္မ႐ွိပဲ လတ္လတ္ဆတ္ဆတ္စားသံုးႏိုင္မွာျဖစ္တဲ့အျပင္ သီးႏွံေတြမွာ ပါဝင္တဲ့ အာဟာရဓာတ္  ေလ်ာ့နည္းေပ်ာက္ဆံုး မႈကိုလည္း နည္းပါးေစတာေၾကာင့္ စားသံုးသူရဲ႕ က်န္းမာေရးကိုလည္း မ်ားစြာ အေထာက္အကူျပဳေစမွာျဖစ္ပါ တယ္။

No comments:

Post a Comment

မင်္ဂလာပါ TKIFARMER BLOG မှ ကြိုဆိုပါတယ်ခင်ဗျာ........