မင်္ဂလာပါခင်ဗျာ
သရက် အပင်ပု ဘွန်ဇိုင်းပြုလုပ် စိုက်ပျိုးနည်းလေးတင်ပြ လိုက်ပါတယ်
ဘွန်ဇိုင်းပြုလုပ်နည်းမှာ မိမိထွက်စေလိုသော နေရာ၊ ထွက်စေလိုသော အရပ်မျက်နှာတို့နှင့် ကိုက်ညီစွာထွက်ပေါ်လာသည့် ကိုင်းတစ်ကိုင်းကို ကိုင်းမကြီးအဖြစ် နှစ်ကာလကြာရှည်စွာ မွေးယူရပြီး ယင်းကိုင်းမကြီးမှတစ်ဆင့် ကိုင်းတက် ကိုင်းလက် ကိုင်းသေးနှင့် ကိုင်းမွှား ကလေးများအား အချိန်ပေး မွေးမြူရခြင်း ဖြစ်ပါသည်။
စိုက်မည့်အပင်အားမျိုးယူခြင်း
(1) မျိုးစေ့မှ မျိုးပွားနည်း
(2) လိင်မဲ့ မျိုးပွားနည်း
(3) မြင်းကုန်းနှီး ကိုင်းဆက် မျိုးပွားနည်း
(4) သပ်သင်း(သို့)ကိုင်းခွဲဆက်နည်း
(5) ပါးချင်းအပ် ကိုင်းဆက်နည်း
(6) အစေ့အညှောင့်ကိုင်းဆက်နည်း
(7) ကိုင်းဖြတ်မြေထုပ်စည်းနည်း
အပင်ပုစေသောနည်းလမ်း
အပင်အရွယ်အစားကို လျော့ချခြင်းအားဖြင့် ပြုစုထိန်းသိမ်းခြင်း ရိတ်သိမ်းခူးဆွတ်ခြင်း လွယ်ကူသွားစေသည့်အပြင် အိမ်ခြံဝန်းများ အတွင်းစိုက်ပျိုးလိုသော သူများအတွက်လည်း အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒါမှသာ ဈေးကွက် ချဲ့ထွင်နိုင်မည် ဖြစ်ပါသည်။
အိန္ဒိယမှာတော့ နှစ်ကြိမ်ကိုင်းဆက်ခြင်းကို ပြုလုပ်တဲ့ အပင်တွေအတွက် စောစီးစွာ အသီးထုတ်လုပ်ပေးသည့်အပြင် အပင်ကိုလည်း ပုစေပါတယ်လို့ ဆိုပါတယ်။ သဘာဝအပင်ပုမျိုးတွေကိုလည်း ရွေးချယ်စိုက်ပျိုးကြပါတယ်။
သရက်ပင်များမှာ သန္ဓေအများပါရှိတဲ့ သရက်မျိုးတွေကို အောက်ခံပင်အနေဖြင့် အသုံးပြုတဲ့အခါမှာ အပင်ပုစေတယ်လို့ ဆိုပါတယ်။ အစ္စရေး တောင်အမေရိက ပီရူး ကိုလံဘီယာနဲ့ ထိုင်းနိုင်ငံများမှာလည်း သန္ဓေအများပါသော သရက်မျိုးကို ကိုင်းဆက်ရန်အတွက် အောက်ခံပင် သုံးကြပါတယ်။
(1) မြေသားတိမ်သော အခြေအနေမှာ အပင်တွေရဲ့ အမြစ်တွေဟာ မြေအောက်သို့ နိမ့်ဆင်းမသွားပဲ အပေါ်ယံမြေလွှာမှာသာ ရှိနေကြသောကြောင့် ရာသီချိန်မဟုတ် ပန်းပွင့်ခြင်း အသီးသီးခြင်းကို ဖန်တီးရန်အတွက် မြေသား ခြောက်သွေ့စေတဲ့ ကာလကိုထိန်းသိမ်းရန် လွယ်ကူစေပါတယ်။ အမြစ်နက်နက်ဆင်းလျှင် အပင်ကိုရေခြောက်စေရန် လုပ်ဖို့မလွယ်ကူပါ။ ယာယီမြေသား ခြောက်သွေ့စေခြင်းသည် ပန်းပွင့်မှုကို လှုံဆော်ပေးပါသည်။
(2) ပုနေသောအပင်အတွက် ကိုင်းဖြတ် ကိုင်းညှပ်ပုံသွင်းခြင်း ဆေးဖျန်းခြင်း ကိုင်းစည်းမျိုးပွားခြင်း အသီးကင်းခြွေခြင်း အိတ်စွပ်ခြင်း အသီးခူးဆွတ်ခြင်း စသည်တို့ ထိခိုက်မှုနည်းပါးစွာ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။
(3) မြေဧရိယာအနည်းငယ်နဲ့ ထုတ်လုပ်မှု များများရရှိစေနိုင်ပါမည်။ ခပ်စိတ်စိတ် စိုက်ခြင်းသည် ပုံမှန်စိုက်ခြင်းထက် အထွက်နှုန်းနည်းပါးမည် ဖြစ်သော်လည်း ဧရိယာတစ်ခုလုံး တွက်မည်ဆိုလျှင် အရည်အသွေးပိုင်းမှာ ပိုမိုသာပါမည်။
(4) ရင်းနှီးမြုပ်နှံမှု အမြန်ပြန်လည်ပေါ်ထွက် စေပြီး အသီးထွက်နှုန်းအား လိုသလို ချိန်ဆ လုပ်လို့ရပါမည်။
ပျိုးပင်များအားထားသိုပုံ
အိတ်ထဲတွင် မြေသားအနည်းငယ်ဖြင့် ထည့်သွင်းစိုက်ပျိုးမည်ဖြစ်ရာ အဆိုပါမြေသားတွင် စိုက်ပျိုးမည့်အပင်အတွက် အနည်းဆုံးတစ်နှစ်ခန့် စားသုံးနိုင်သော မြေဆီသြဇာဓာတ် ထည့်သွင်းပေးရပါမည်။ မြေသြဇာအရည် အခဲတို့ကိုလည်း ဆောင်ရွက်ကျွေးရပါမည်။ မြေသားသည် ရေစီးရေလာကောင်းမွန်သော မြေသားဖြစ်ရမည်။ သို့မှသာ မြေသားအတွင်း ရေစိမ်ဝင်နိုင်ပြီး ရေထွက်ပေါက်မှ ကောင်းစွာစီးထွက် နိုင်ပေမည်ဖြစ်သည်။ ရေးစီးရေလာ ကောင်းမွန်မှ လေနှင့် ဓာတ်ငွေ့ ဓာတ်ပေါင်းများသည် ရေနှင့်အတူ မြေသားအတွင်းသို့ စိမ့်ဝင်နိုင်ပြီး အစိုဓာတ် နှင့်ဓာတ်ပေါင်းတို့ ဓာတ်ပြုစေပြီး အပင်အတွက် လိုအပ်သော အစာများကို ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။
မြေအမျိုးအစားရွေးချယ်ခြင်း
(1) သဲဆန်သောမြေသည် ရေအစိုဓာတ်ကို ကြာရှည်စွာ မထိန်းနိုင် မြေသြဇာနည်းပါး။
(2) မြေနီ မြေကြမ်း မြေစေးတို့သည် အစိုဓာတ်ကိုထိန်းသိမ်းထားနိုင်ခြင်း မြေသြဇာဓာတ်ပြည့်ဝခြင်း ရေစိမ့်ဝင်မှုနည်း စသည့်အချက်များကြောင့် ရောစပ်အသုံးပြု သင့်ပါသည်။
ပျိုးပင်များထားရှိရန်နေရာရွေးခြင်း
(1) နေရောင် နှင့် လေ၏ အရေးပါမှု
လေကောင်းလေသန့်ရရှိပြီး ထိုက်သင့်သော နေရောင်ခြည်ကိုလည်း အပြည့်အဝ ရရှိရမည်။ အရွက်များသည် နေရောင်ခြည် လုံလောက်စွာ ရရှိမှသာ အစာချက်နိုင်ပေမည်။ အကိုင်းအခက်များ ကြားမှလေဝင် လေထွက်ကောင်းရမည်။ လေပြေလေညှင်းများသည် ကိုင်းအသစ်များ ထွက်ရန်အထောက်အကူ ဖြစ်စေပြီး စွတ်စိုထိုင်းမှိုင်းမှု လျော့နည်းသဖြင့် ပိုးမွှားများရန်ကို ကာကွယ်ပြီးသား ဖြစ်ပါမည်။ အလွန်အမင်း လေတိုက်သည့်နေရာမှာလည်း မထားရပါ။
နွေရာသီတွင်ထားသိုနည်း
နေရောင်ခြည်အလွန်အမင်း ကျရောက်သော နေရာအပင်များကို လောင်ကျွမ်းမှု ဖြစ်ပေါ်စေနိုင်ပြီး မြေသားအနည်းငယ်တွင် အစိုဓာတ် အနည်းငယ်သာ ပါရှိသော အပင်များအတွက် အန္တရာယ်ဖြစ်စေပါမည်။ နံနက်ပိုင်းနေရောင်ခြည်သည် ညနေပိုင်း နေရောင်ခြည်ထက် ပိုကောင်းမွန်သဖြင့် နံနက်ပိုင်း နေရောင်ခြည်ကို အပြည့်အဝ ပေးထားပြီး ကျနေကို ကာကွယ်ထားရပါမည်။ အိုး / အထုပ်များကို စီထားရာတွင်လည်း နံနက်နေကို မျက်နှာစာပြု၍ အပင်အနိမ့်ကို ရှေ့မှထားကာ အပင်အမြင့်ကို နောက်မှထားခြင်းဖြင့် အပင်တိုင်း နေရောင်ခြည်ကို တစ်ပြိုင်တည်း ရရှိစေပါမည်။ မြေအောက်ရေနှင့် ပတ်ဝန်းကျင်ရှိရေကို စုပ်ယူပြီး ရေငွေ့ ပြန်လည်ထုတ်လွှတ်ပေးနိုင်မည့် အုတ်ခဲကျိုးများကို ကာရံခြင်း ခုထားခြင်းတို့ ဆောင်ရွက်ပေးသင့်ပါသည်။
မိုးရာသီထားသိုနည်း
အိုး / အိတ်ထဲရှိမြေသားသည် အလွန်နည်း သဖြင့်မိုးစက်လာရောက်ထိမှန်ပါက အပြင်သို့ မြေများထွက်ရှိနိုင်ရာ တံစက်မြိတ် အပင်ကြီးအောက် စသည့်နေရာများတွင် မထားရပါ။ မိုးရွာခြင်းကြောင့် ရွှံ့ သဲတို့ လာရောက်မထိမှန်စေရန် ကာရံထားရပေမည်။
ရေလောင်းခြင်း
အိုး/ အိတ် အတွင်း နေရာအနှံ့အပြားသို့ ရေရောက်မှသာ ဓာတ်ပေါင်းများ သြဇာများ ထိရောက်မှုရှိမည်ဖြစ်သော်လည်း ရေလောင်းလွန်လျှင် မြေသားအတွင်း လေဝင်လေထွက်ပိတ်ဆို့ပြီး အမြစ်များ အသက်မရှုနိုင်သဖြင့် အပင်သေဆုံး နိုင်သည်။ မြေနည်းသဖြင့် အစိုဓာတ် ထိမ်းနိုင်စွမ်းနည်းသည်ဖြစ်ရာ ရေလောင်းရာတွင် အထူးဂရုပြုရပေမည်။ အချိန်မှန်မှန်နှင့် အကြိမ်မှန်မှန် လောင်းပေးရပေမည်။ မြေသားအစိုဓာတ်ကို လက်ဖြင့်စမ်းသပ်ခြင်း မျက်စေ့ဖြင့် ကြည့်ခြင်းတို့ဖြင့် ဆုံးဖြတ်လုပ်ဆောင် ရပေမည်။ အမွှားသေးငယ်သော ရေပန်းခရားကို အသုံးပြုသင့်ပြီး တစ်ကြိမ်တည်းဖြင့် တစ်ရှိန်ထိုးမလောင်းရပါ။
* ပထမအကြိမ် - အပေါ်ယံမြေသားစိုရုံ
* ဒုတိယအကြိမ်- အတွင်းပိုင်းရေစိမ့်ဝင်ရုံ
* တတိယအကြိမ်- ရေထွက်ပေါက်များမှ ရေထွက်လာသည့်အထိ။
ဒါမှသာ အောက်ဆီဂျင်ပြည့်ဝသော လေကောင်းလေသန့်များ ရေကင်းစင်သည့် ဟာကွက်များနေရာသို့ ရေနောက်မှ ရောက်ရှိဖြည့်တင်းပြီး အမြစ်ဆဲလ်များကို အာဟာရလုံလောက်စွာ ရရှိပါမည်။
မြေသြဇာအသုံးပြုခြင်း
ဓာတ်မြေသြဇာသည် အမြန်ဆုံးထိရောက်မှု ရှိသော်လည်း အလွန်အကျွံ သုံးပါက အန္တရာယ်ရှိနိုင်ပါသည်။ လိုအပ်သော ပမာဏအတိုင်းသာ ကျွေးပါ။
(1) ဓာတု မြေသြဇာ အညွှန်း
N 15 P 15 K 15 ကို နှစ်လကျော်ဝန်းကျင်တွင် အပင်တပင်အား ထမင်းစားဇွန်း နှစ်ဇွန်း ရေဖျော်ထည့်ပါ။
(2) ဒုတိယအကြိမ် အရွက်သစ်များ ထွက်ရှိချိန်(သို့) ပန်းမပွင့်မီ (2)လအလိုမှာ ပွင့်ဖူးထွက်ပေါ်လာဖို့အတွက် 12:24:12 (သို့) 8:24:24 ရေဖျော် နှစ်ဇွန်းလောင်းပါ။
(3) ပန်းပွင့်ပြီး တစ်လအကြာတွင် အသီးအတွက် 15:15:15 ကို နှစ်ဇွန်း ထည့်ပေးပါ။
သဘာဝမြေသြဇာအရည်ပြုလုပ်ခြင်း
(1) ပဲဖတ် (သို့) နှမ်းဖတ် (8) ဆ
(2) ငါးအသား (2) ဆ
(3) ရေ (10)ဆ ရောသမမွှေပါ။
(4) အိုးတခုထဲထည့်၍ အဖုံးလုံအောင်ပိတ် (45)ရက်ထားပါ။ ၎င်းမြေသြဇာအရည်ကို ရေ(10)ဆဖြင့် ရောသုံးပြုပါ။
(5) နွားချေးခဲအခြောက်တုံးလေးများကို ထည့်ထားပေးပါ။
(6) ပဲဖတ် (သို့) နှမ်းဖတ် (8) ဆ ငါးအသား (2) ဆတို့ကို ရေသင့်ရုံ ရောစပ်နယ်ပါ ဗန်းတစ်ခုတွင် ဖြန့်လှန်းထားပြီး ဓားဖြင့်လှီးယူ၍ အတုံးအခဲများ လုပ်သုံးပါ။
(7) တစ်လလျှင် နှစ်ကြိမ် ပိုးသတ်ဆေးဖြန်း ပေးရပါမည်။
ကိုင်းဖြတ်ကိုင်းညှပ်စနစ်
အပင် (2)ပေခန့်အမြင့် ရောက်လျှင်
(1) ပထမအဆင့် (၃)ကိုင်းကို ပင်စည်မှ (1)ပေအကွာမှဖြတ်ပါ။
(2) ဒုတိယအဆင့် ( ၆)ကိုင်းအား ထွက်သည့်အဆုံ နေရာမှ (6)လက်မခွာဖြတ်ပါ။
(3) တတိယအဆင့် (၉)ကိုင်းအား ထွက်သည့်အဆုံ နေရာမှ (6)လက်မခွာဖြတ်ပါ။
စုစုပေါင်း ကြာချိန် (1)နှစ်နီးပါးရှိပါမည်။
ကိုင်းဖြတ်ချိန် တကြိမ်နှင့်တစ်ကြိမ် (3)လ ခွာဆောင်ရွက်ရပါမည်။ပါးလုံးပဲအဆင်ပြေကြပါစေ.....
သရက္ အပင္ပု ဘြန္ဇုိင္းျပဳလုပ္ စိုက္ပ်ဳိးနည္း
ဘြန္ဇိုင္းျပဳလုပ္နည္းမွာ မိမိထြက္ေစလိုေသာ ေနရာ၊ ထြက္ေစလိုေသာ အရပ္မ်က္ႏွာတို႔ႏွင့္ ကိုက္ညီစြာထြက္ေပၚလာသည့္ ကိုင္းတစ္ကိုင္းကို ကိုင္းမႀကီးအျဖစ္ ႏွစ္ကာလၾကာရွည္စြာ ေမြးယူရျပီး ယင္းကိုင္းမႀကီးမွတစ္ဆင့္ ကိုင္းတက္ ကိုင္းလက္ ကိုင္းေသးႏွင့္ ကိုင္းမႊား ကေလးမ်ားအား အခ်ိန္ေပး ေမြးျမဴရျခင္း ျဖစ္ပါသည္။
စိုက္မည့္အပင္အားမ်ိဳးယူျခင္း
(1) မ်ိဳးေစ့မွ မ်ိဳးပြားနည္း
(2) လိင္မ့ဲ မ်ိဳးပြားနည္း
(3) ျမင္းကုန္းႏွီး ကိုင္းဆက္ မ်ိဳးပြားနည္း
(4) သပ္သင္း(သို႔)က္ိုင္းခဲြဆက္နည္း
(5) ပါးခ်င္းအပ္ ကိုင္းဆက္နည္း
(6) အေစ့အေညွာင့္ကိုင္းဆက္နည္း
(7) ကိုင္းျဖတ္ေျမထုပ္စည္းနည္း
အပင္ပုေစေသာနည္းလမ္း
အပင္အရြယ္အစားကို ေလ်ာ့ခ်ျခင္းအားျဖင့္ ျပဳစုထိန္းသိမ္းျခင္း ရိတ္သိမ္းခူးဆြတ္ျခင္း လြယ္ကူသြားေစသည့္အျပင္္ အိမ္ျခံဝန္းမ်ား အတြင္းစိုက္ပ်ိဳးလိုေသာ သူမ်ားအတြက္လည္း အဆင္ေျပမွာ ျဖစ္ပါတယ္။ ဒါမွသာ ေစ်းကြက္ ခ်ဲ႕ထြင္နိုင္မည္ ျဖစ္ပါသည္။
အိႏိၵယမွာေတာ့ ႏွစ္ႀကိမ္ကိုင္းဆက္ျခင္းကို ျပဳလုပ္တ့ဲ အပင္ေတြအတြက္ ေစာစီးစြာ အသီးထုတ္လုပ္ေပးသည့္အျပင္ အပင္ကိုလည္း ပုေစပါတယ္လို႔ ဆိုပါတယ္။ သဘာဝအပင္ပုမ်ိဳးေတြကိုလည္း ေရြးခ်ယ္စိုက္ပ်ိဳးၾကပါတယ္။
သရက္ပင္မ်ားမွာ သေႏၶအမ်ားပါရွိတ့ဲ သရက္မ်ိဳးေတြကို ေအာက္ခံပင္အေနျဖင့္ အသံုးျပဳတ့ဲအခါမွာ အပင္ပုေစတယ္လို႔ ဆိုပါတယ္။ အစၥေရး ေတာင္အေမရိက ပီရူး ကိုလံဘီယာနဲ႔ ထိုင္းနိုင္ငံမ်ားမွာလည္း သေႏၶအမ်ားပါေသာ သရက္မ်ိဳးကို ကိုင္းဆက္ရန္အတြက္ ေအာက္ခံပင္ သံုးၾကပါတယ္။
(1) ေျမသားတိမ္ေသာ အေျခအေနမွာ အပင္ေတြရဲ႕ အျမစ္ေတြဟာ ေျမေအာက္သို႔ နိမ့္ဆင္းမသြားပဲ အေပၚယံေျမလႊာမွာသာ ရွိေနၾကေသာေၾကာင့္ ရာသီခ်ိန္မဟုတ္ ပန္းပြင့္ျခင္း အသီးသီးျခင္းကို ဖန္တီးရန္အတြက္ ေျမသား ေျခာက္ေသြ႔ေစတ့ဲ ကာလကိုထိန္းသိမ္းရန္ လြယ္ကူေစပါတယ္။ အျမစ္နက္နက္ဆင္းလွ်င္ အပင္ကိုေရေျခာက္ေစရန္ လုပ္ဖို႔မလြယ္ကူပါ။ ယာယီေျမသား ေျခာက္ေသြ႔ေစျခင္းသည္ ပန္းပြင့္မႈကို လံႈေဆာ္ေပးပါသည္။
(2) ပုေနေသာအပင္အတြက္ ကိုင္းျဖတ္ ကိုင္းညွပ္ပံုသြင္းျခင္း ေဆးဖ်န္းျခင္း ကိုင္းစည္းမ်ိဳးပြားျခင္း အသီးကင္းေျခြျခင္း အိတ္စြပ္ျခင္း အသီးခူးဆြတ္ျခင္း စသည္တို႔ ထိခိုက္မႈနည္းပါးစြာ လုပ္ေဆာင္နိုင္မည္ ျဖစ္ပါသည္။
(3) ေျမဧရိယာအနည္းငယ္နဲ႔ ထုတ္လုပ္မႈ မ်ားမ်ားရရွိေစနိုင္ပါမည္။ ခပ္စိတ္စိတ္ စိုက္ျခင္းသည္ ပံုမွန္စိုက္ျခင္းထက္ အထြက္ႏႈန္းနည္းပါးမည္ ျဖစ္ေသာ္လည္း ဧရိယာတစ္ခုလံုး တြက္မည္ဆိုလွ်င္ အရည္အေသြးပိုင္းမွာ ပိုမိုသာပါမည္။
(4) ရင္းႏွီးျမဳပ္ႏွံမႈ အျမန္ျပန္လည္ေပၚထြက္ ေစျပီး အသီးထြက္ႏႈန္းအား လိုသလို ခ်ိန္ဆ လုပ္လို႔ရပါမည္။
ပ်ိဳးပင္မ်ားအားထားသိုပံု
အိတ္ထဲတြင္ ေျမသားအနည္းငယ္ျဖင့္ ထည့္သြင္းစိုက္ပ်ိဳးမည္ျဖစ္ရာ အဆိုပါေျမသားတြင္ စိုက္ပ်ိဳးမည့္အပင္အတြက္ အနည္းဆံုးတစ္ႏွစ္ခန္႔ စားသံုးနိုင္ေသာ ေျမဆီၾသဇာဓာတ္ ထည့္သြင္းေပးရပါမည္။ ေျမၾသဇာအရည္ အခဲတို႔ကိုလည္း ေဆာင္ရြက္ေကြ်းရပါမည္။ ေျမသားသည္ ေရစီးေရလာေကာင္းမြန္ေသာ ေျမသားျဖစ္ရမည္။ သို႔မွသာ ေျမသားအတြင္း ေရစိမ္ဝင္နိုင္ျပီး ေရထြက္ေပါက္မွ ေကာင္းစြာစီးထြက္ နိုင္ေပမည္ျဖစ္သည္။ ေရးစီးေရလာ ေကာင္းမြန္မွ ေလႏွင့္ ဓာတ္ေငြ႔ ဓာတ္ေပါင္းမ်ားသည္ ေရႏွင့္အတူ ေျမသားအတြင္းသို႔ စိမ့္ဝင္နိုင္ျပီး အစိုဓာတ္ ႏွင့္ဓာတ္ေပါင္းတို႔ ဓာတ္ျပဳေစျပီး အပင္အတြက္ လိုအပ္ေသာ အစာမ်ားကို ထုတ္လုပ္နိုင္မည္ျဖစ္ပါသည္။
ေျမအမ်ိဳးအစားေရြးခ်ယ္ျခင္း
(1) သဲဆန္ေသာေျမသည္ ေရအစိုဓာတ္ကို ၾကာရွည္စြာ မထိန္းနိုင္ ေျမၾသဇာနည္းပါး။
(2) ေျမနီ ေျမၾကမ္း ေျမေစးတို႔သည္ အစိုဓာတ္ကိုထိန္းသိမ္းထားနိုင္ျခင္း ေျမၾသဇာဓာတ္ျပည့္ဝျခင္း ေရစိမ့္ဝင္မႈနည္း စသည့္အခ်က္မ်ားေၾကာင့္ ေရာစပ္အသံုးျပဳ သင့္ပါသည္။
ပ်ိဳးပင္မ်ားထားရွိရန္ေနရာေရြးျခင္း
(1) ေနေရာင္ ႏွင့္ ေလ၏ အေရးပါမႈ
ေလေကာင္းေလသန္႔ရရွိျပီး ထိုက္သင့္ေသာ ေနေရာင္ျခည္ကိုလည္း အျပည့္အဝ ရရွိရမည္။ အရြက္မ်ားသည္ ေနေရာင္ျခည္ လံုေလာက္စြာ ရရွိမွသာ အစာခ်က္နိုင္ေပမည္။ အကိုင္းအခက္မ်ား ၾကားမွေလဝင္ ေလထြက္ေကာင္းရမည္။ ေလေျပေလညွင္းမ်ားသည္ ကိုင္းအသစ္မ်ား ထြက္ရန္အေထာက္အကူ ျဖစ္ေစျပီး စြတ္စိုထိုင္းမိႈင္းမႈ ေလ်ာ့နည္းသျဖင့္ ပိုးမႊားမ်ားရန္ကို ကာကြယ္ျပီးသား ျဖစ္ပါမည္။ အလြန္အမင္း ေလတိုက္သည့္ေနရာမွာလည္း မထားရပါ။
ေႏြရာသီတြင္ထားသိုနည္း
ေနေရာင္ျခည္အလြန္အမင္း က်ေရာက္ေသာ ေနရာအပင္မ်ားကို ေလာင္ကြ်မ္းမႈ ျဖစ္ေပၚေစနိုင္ျပီး ေျမသားအနည္းငယ္တြင္ အစိုဓာတ္ အနည္းငယ္သာ ပါရွိေသာ အပင္မ်ားအတြက္ အႏၲရာယ္ျဖစ္ေစပါမည္။ နံနက္ပိုင္းေနေရာင္ျခည္သည္ ညေနပိုင္း ေနေရာင္ျခည္ထက္ ပိုေကာင္းမြန္သျဖင့္ နံနက္ပိုင္း ေနေရာင္ျခည္ကို အျပည့္အဝ ေပးထားျပီး က်ေနကို ကာကြယ္ထားရပါမည္။ အိုး / အထုပ္မ်ားကို စီထားရာတြင္လည္း နံနက္ေနကို မ်က္ႏွာစာျပဳ၍ အပင္အနိမ့္ကို ေရွ႕မွထားကာ အပင္အျမင့္ကို ေနာက္မွထားျခင္းျဖင့္ အပင္တိုင္း ေနေရာင္ျခည္ကို တစ္ျပိဳင္တည္း ရရွိေစပါမည္။ ေျမေအာက္ေရႏွင့္ ပတ္ဝန္းက်င္ရွိေရကို စုပ္ယူျပီး ေရေငြ႔ ျပန္လည္ထုတ္လႊတ္ေပးနိုင္မည့္ အုတ္ခဲက်ိဳးမ်ားကို ကာရံျခင္း ခုထားျခင္းတို႔ ေဆာင္ရြက္ေပးသင့္ပါသည္။
မိုးရာသီထားသိုနည္း
အိုး / အိတ္ထဲရွိေျမသားသည္ အလြန္နည္း သျဖင့္မိုးစက္လာေရာက္ထိမွန္ပါက အျပင္သို႔ ေျမမ်ားထြက္ရွိနိုင္ရာ တံစက္ျမိတ္ အပင္ႀကီးေအာက္ စသည့္ေနရာမ်ားတြင္ မထားရပါ။ မိုးရြာျခင္းေၾကာင့္ ရႊ႔ံ သဲတို႔ လာေရာက္မထိမွန္ေစရန္ ကာရံထားရေပမည္။
ေရေလာင္းျခင္း
အိုး/ အိတ္ အတြင္း ေနရာအႏွံ႕အျပားသို႔ ေရေရာက္မွသာ ဓာတ္ေပါင္းမ်ား ၾသဇာမ်ား ထိေရာက္မႈရွိမည္ျဖစ္ေသာ္လည္း ေရေလာင္းလြန္လွ်င္ ေျမသားအတြင္း ေလဝင္ေလထြက္ပိတ္ဆို႔ၿပီး အျမစ္မ်ား အသက္မရႈနိုင္သျဖင့္ အပင္ေသဆံုး နိုင္သည္။ ေျမနည္းသျဖင့္ အစိုဓာတ္ ထိမ္းနိုင္စြမ္းနည္းသည္ျဖစ္ရာ ေရေလာင္းရာတြင္ အထူးဂရုျပဳရေပမည္။ အခ်ိန္မွန္မွန္နွင့္ အႀကိမ္မွန္မွန္ ေလာင္းေပးရေပမည္။ ေျမသားအစိုဓာတ္ကို လက္ျဖင့္စမ္းသပ္ျခင္း မ်က္ေစ့ျဖင့္ ၾကည့္ျခင္းတို႔ျဖင့္ ဆံုးျဖတ္လုပ္ေဆာင္ ရေပမည္။ အမႊားေသးငယ္ေသာ ေရပန္းခရားကို အသံုးျပဳသင့္ျပီး တစ္ႀကိမ္တည္းျဖင့္ တစ္ရွိန္ထိုးမေလာင္းရပါ။
* ပထမအႀကိမ္ - အေပၚယံေျမသားစိုရံု
* ဒုတိယအႀကိမ္- အတြင္းပိုင္းေရစိမ့္ဝင္ရံု
* တတိယအႀကိမ္- ေရထြက္ေပါက္မ်ားမွ ေရထြက္လာသည့္အထိ။
ဒါမွသာ ေအာက္ဆီဂ်င္ျပည့္ဝေသာ ေလေကာင္းေလသန္႔မ်ား ေရကင္းစင္သည့္ ဟာကြက္မ်ားေနရာသို႔ ေရေနာက္မွ ေရာက္ရွိျဖည့္တင္းျပီး အျမစ္ဆဲလ္မ်ားကို အာဟာရလံုေလာက္စြာ ရရွိပါမည္။
ေျမၾသဇာအသံုးျပဳျခင္း
ဓာတ္ေျမၾသဇာသည္ အျမန္ဆံုးထိေရာက္မႈ ရွိေသာ္လည္း အလြန္အကြ်ံ သံုးပါက အႏၲရာယ္ရွိနိုင္ပါသည္။ လိုအပ္ေသာ ပမာဏအတိုင္းသာ ေကြ်းပါ။
(1) ဓာတု ေျမၾသဇာ အညႊန္း
N 15 P 15 K 15 ကို ႏွစ္လေက်ာ္ဝန္းက်င္တြင္ အပင္တပင္အား ထမင္းစားဇြန္း ႏွစ္ဇြန္း ေရေဖ်ာ္ထည့္ပါ။
(2) ဒုတိယအႀကိမ္ အရြက္သစ္မ်ား ထြက္ရွိခ်ိန္(သို႔) ပန္းမပြင့္မီ (2)လအလိုမွာ ပြင့္ဖူးထြက္ေပၚလာဖို႔အတြက္ 12:24:12 (သို႔) 8:24:24 ေရေဖ်ာ္ ႏွစ္ဇြန္းေလာင္းပါ။
(3) ပန္းပြင့္ျပီး တစ္လအၾကာတြင္ အသီးအတြက္ 15:15:15 ကို ႏွစ္ဇြန္း ထည့္ေပးပါ။
သဘာဝေျမၾသဇာအရည္ျပဳလုပ္ျခင္း
(1) ပဲဖတ္ (သို႔) ႏွမ္းဖတ္ (8) ဆ
(2) ငါးအသား (2) ဆ
(3) ေရ (10)ဆ ေရာသမေမႊပါ။
(4) အိုးတခုထဲထည့္၍ အဖံုးလံုေအာင္ပိတ္ (45)ရက္ထားပါ။ ၄င္းေျမၾသဇာအရည္ကို ေရ(10)ဆျဖင့္ ေရာသံုးျပဳပါ။
(5) ႏြားေခ်းခဲအေျခာက္တံုးေလးမ်ားကို ထည့္ထားေပးပါ။
(6) ပဲဖတ္ (သို႔) ႏွမ္းဖတ္ (8) ဆ ငါးအသား (2) ဆတို႔ကို ေရသင့္ရံု ေရာစပ္နယ္ပါ ဗန္းတစ္ခုတြင္ ျဖန္႔လွန္းထားျပီး ဓားျဖင့္လွီးယူ၍ အတံုးအခဲမ်ား လုပ္သံုးပါ။
(7) တစ္လလွ်င္ ႏွစ္ႀကိမ္ ပိုးသတ္ေဆးျဖန္း ေပးရပါမည္။
ကိုင္းျဖတ္ကိုင္းညွပ္စနစ္
အပင္ (2)ေပခန္႔အျမင့္ ေရာက္လွ်င္
(1) ပထမအဆင့္ (၃)ကိုင္းကို ပင္စည္မွ (1)ေပအကြာမွျဖတ္ပါ။
(2) ဒုတိယအဆင့္ ( ၆)ကိုင္းအား ထြက္သည့္အဆံု ေနရာမွ (6)လက္မခြာျဖတ္ပါ။
(3) တတိယအဆင့္ (၉)ကိုင္းအား ထြက္သည့္အဆံု ေနရာမွ (6)လက္မခြာျဖတ္ပါ။
စုစုေပါင္း ၾကာခ်ိန္ (1)ႏွစ္နီးပါးရွိပါမည္။
ကိုင္းျဖတ္ခ်ိန္ တႀကိမ္ႏွင့္တစ္ႀကိမ္ (3)လ ခြာေဆာင္ရြက္ရပါမည္။

No comments:
Post a Comment
မင်္ဂလာပါ TKIFARMER BLOG မှ ကြိုဆိုပါတယ်ခင်ဗျာ........