မင်္ဂလာပါခင်ဗျာ
သံပုရာသီး ဈေးကောင်းရချိန်မှာ အသီးသီးအောင်ပြုလုပ်နည်းလေးတင်ပြပေးလိုက်ပါတယ်
သံပုရာသီးဈေးကောင်းရချိန်က နွေကာလ မတ်လ - ဧပြီလဖြစ်ပါသည်။
စက်တင်ဘာလမှာ သံပုရာပင် အမြစ်ပြေးနိုင်နေရာ အဖျားပိုင်းလောက်နေရာ ပတ်ပတ်လည်မှာ ကျင်း ပေါက်ဖေါက်ပြီး မြေသြဇာထည့်ပေးပါ။ ကျင်းအကျယ်က အကျယ်လက်သီးဆုပ်သာသာ ခန့့်ဖြစ်ပြီး အနက်က တစ်ထွာကျော် တောင်ဆုပ်လောက် ကျင်းပေါက်ဖေါက်တူးပေးရပါမယ်။
မြေသြဇာ ကျင်း ပေါက်ကို အနည်းဆုံး ပေါက်ဖေါက်ပေးရမယ်။ အရှေ့အနောက်တောင်မြောက် ဖြစ်ပါတယ်။ အပင် ကြီးရင် ကြီးသလိုအပေါက် အပေါက်ပိုဖေါက်ရပါမယ်။
သဘာ၀ မြေသြဇာ နွားချေး၊ ကြက်ချေး၊ သစ်ရွက်ခြောက်၊ စပါးခွံမီးသွေးတွေ ကို တစ်ဆစီရောမွေပါ။ အီးအမ်အရည်ရှိရင် အီးအမ်အရည်ဖျန်းပါ၊ မရှိရင် ဖွဲနုနည်းနည်း၊ အချို ရည်တစ်မျိုး ကြံသကာ ၊ ထန်းလျက်၊ သကြားညို နည်းနည်းဖျန်ပေးရင် အကျိုးပြုအနုဇီဝပိုး ဖြစ်ပေါ်စေပါတယ်။ မြေသြဇာအမြန်ဖြစ်ပေါ်စေပါမည်။
အောက်တိုဘာလမှာ အကိုင်းအဖျားတွေအားလုံးကို လက် ၄ လုံးလောက် ဖြတ်ပစ်ပါ အကိုင်းဖြတ်ပြီးတာနဲ့ ရေဖြတ်ရပါမည်။အောက်တိုဘာလက မိုးရွာတတ်
သေးတာကြောင့် အပင်အရင်း အမြစ်ရှိတဲ့နေရာအထိကို မိုးကာပလပ်စတစ်နဲ့အားလုံးပိတ်ထားရပါသည်။
အရွက်တွေနွမ်းပြီး (၁၀) ရာခိုင်နှုန်းလောက် အရွက်တွေ ကြွေကျတဲ့အထိ ရေဖြတ်ရမယ်။ မြေကြီးက ရေစုပ်ထားတဲ့အပေါ်မူတည်ပြီး (၁၀-၁၅)ရက်လောက်ကြာတတ်တယ်။
ရေဖြတ်လို့အရွက်မနွမ်းရင် အရွက်တွေကိုလက်နဲ့လိုက်ခြွေတာကိုလည်းလုပ်နိုင်တယ်။ ဒါမှမဟုတ် အရွက်တွေကို ရေနွေးပူပူနဲ့ဖျန်းပြီးအရွက်ကြွေအောင်လည်းလုပ်နိုင်ပါတယ်။ ရေနွေးပူပူ နဲ့ဖျန်းတာက အပင်နာတတ်ပါတယ်။
အရွက်တွေနွမ်းပြီး အနည်းငယ် ကြွေတဲ့အထိဖြစ်ပြီးနောက် ပလပ်စတစ်မိုးကာတွေ ဖယ်ပြီးရေပေးရပါ မယ်။ ပထအကြိမ် ရေနည်းနည်းပဲ စိုရုံဖျန်းပေးပါ။ နောက်နေ့တွေမှာ တစ်ရက်ကို နည်းနည်း ရေပိုပေးသွားရပါမယ်။
နိုဝင်ဘာလမှာအတက်သစ်ရွက်နုတွေ ထွက်လာပါမယ်။ ရွက်နု ရွက်လိပ်ပိုးတွေကျတယ်။ ဆေးဖျန်းပေးရမှာဖြစ်ပါတယ်။
အရွက်နည်းနည်းရင့်လာရင် အပွင့်အားဆေးတဲ့ မြေသြဇာ အရည်ဖျန်းပေးရပါမယ်။ ကြက်ဥဟော်မုန်းဆေးရည် ဖျန်းပေးရင်ပိုကောင်းပါတယ်။
အောက်တိုဘာလကုန် - ဒီဇင်ဘာလဆန်းပိုင်းမှာ အပွင့်တွေထွက်လာ ပါမယ်။ အပွင့်ကို ပိုးမကျအောင် ဆေးဖျန်းဖို့လိုပါတယ်။
ပွင့်ကြာရှည်ခံဖို့နဲ့အပွင့်အညှာတံခိုင်ဖို့အတွက်
အုန်းနို့ဦးရည် ဟင်းခတ်ဇွန်း (၂) ဇွန်းကို
ရေလီတာ ၂၀ နဲ့ရောပြီးဖျန်းပေးရပါမည်။
ရေပုံမှန်ပေးရပါမည်သဘာဝမြေသြဇာကိုဖြည့်
စွက်ပေးရမည် မြေကြီးမှာပေးရမယ် အပင်အမြစ် ကိုပေးရမှာဖြစ်တယ် မြေသြဇာအရည်ပေးလို့ရပါတယ်။
သဘာ၀ မြေသြဇာအရည် လုပ်နည်း
နွားချေးခြောက် (၁) ပိဿာ၊ ကြက်ချေးခြောက် (၁) ပိဿာကို ပလပ်စတစ်ပိုက်အကွက်စိတ်စိတ် ပါးပါး နဲ့ ပဲဖြစ်ဖြစ် အဝတ်ပါးပါးနဲ့ပဲဖြစ်ဖြစ် ထုတ်ပါ။ အဲ့ဒီအထုတ်ကို ရေ (၈) ဂါလံနဲ့စိမ်ပါ။ (၃) ရက်တိတိ စိမ်ပြီးရင် နွားချေး ကြက်ချေး အထုပ်ကိုဆည်ယူပြီး သစ်ပင် အရင်း တခုခုမှာချထားပါတယ်။ အထုပ်ထဲက စိမ့်ကျလာမယ့် အရည်တွေက အပင်အတွက် မြေသြဇာရအောင်ဖြစ်ပါတယ်။ ကြက်ချေး နွားချေး စိမ်ထားတဲ့ အရည် (၁) ဆ ကို ရေအဆ (၂၀) ရောပြီး အပင်တွေမှာ လောင်းပေးနိုင်ပါတယ်။(၁၅) ရက်တစ်ခါလောက်ဖျန်းပေးပါ။ အနည်းဆုံး တစ်လတစ်ခါဖျန်းရပါမည်။
သံပုရာ အပွင့်ပွင့်ချိန်ကစပြီး အသီးခူးချိန်အထိက (၄) လကြာတာကြောင့် ဈေးကောင်းရတဲ့ မတ်လ-ဧပြီလမှာ အသီးခူးနိုင်မှာဖြစ်ပါသည်။
စိုက်ပျိုးရေး နည်းပညာ
မျှဝေပေးလိုက်ပါတယ်ဗျာ
မျှဝေပေးလိုက်ပါတယ်ဗျှာ