Tuesday, April 7, 2020

ခရမ်းချဉ်ပင်ကို မိမိတို့အိမ်မှာ စားသုံးဖို့အတွက် ဇောက်ထိုးစိုက်နည်း

ခရမ်းချဉ်ပင်ကို မိမိတို့အိမ်မှာ စားသုံးဖို့အတွက်
ဇောက်ထိုးစိုက်နည်း



ဒီစနစ်ရဲ့အားသာချက်က အပင်အမြစ်ကို
ပြောင်းပြန် ပြန်တတ်စေတာပဲ..
တကယ်ကို ဗျုဟာမြောက်တဲ့စိုက်နည်းစနစ်တခု လို့ပြောပါရစေ..
ပုံမှန်မြေချ အတည့်စိုက်ရင် ခရမ်းချဉ် အမြစ်တွေ မြေအောက်ဆင်းသွားမယ် ဒီလိုဆင်းသွားရင် ရေ..နှင့်အစာ.အပင်ရဲ့အမြစ်ကို
ထိရောက်အောင် ကျွေးနိူင်ဖို့ အပင်စားသောက်နိူင်ဖို့
အနဲငယ် အခက်ခဲ ရှိတတ်ပါတယ်..လောဘကြီးပြီးအပင်အရင် အရမ်းကပ်သွားရင်လဲ သေပြန်တယ်..

ခရမ်းချဉ်ပင် မှာ အကြောက်ရဆုံး ပိုးရွက်ကျ ပင်သေ
အမြစ်ပိုး ဖြစ်ပါတယ် ဒီကောင်က မြေအောက်
အမြစ်ကနေပင်စည်ကို ဝင်ရောက်တဲ့အခါ
ရက်ပိုင်းအတွင်း တပင်လုံးညိုးပြီး သေမြန်ပါတယ် ဒီပိုးက အကြောက်ရဆုံးပါ ပိုး ရဲ့ ဖျတ်အားအရမ်းမြန်တာကြောင့် ဆေးနဲ့ ကုသဖို့လဲ အချိန် မရှိလို့ သေရင် ဒီအပင် ကို မြေပြုခြင်း.မီးရှို့ခြင်းများပြုလုပ် ပစ်ရပါတယ်..
ကောင်းပြီ အဓိကအချက်ကိုသွားရအောင်..
ပုံပါ စနစ်က ..၂ မျိုးးစား နည်းစနစ်ပါ.
အပေါ်မှာ..ရက်ပိုင်း သီးပင်စားပင်လေးတွေစိုက်နိူင်တယ်..
အောက်မှာတော့ ခရမ်းချဉ်စိုက်မယ်..
ဒီစနစ်မှာ စေားစေားက ပြောတဲ့ ရောဂါ ကို ကြိုတင်
ကာကွယ်လို့ အရမ်းလွယ်ကူတယ်..
မစိုက်ခင် မြေသြဇာစပ်တဲ့ အခါ..
မြေတွင်းပိုးသတ်ဆေး..အခဲ လေးတွေ
မပေါက်ထုံး အညံ့စား ရောစပ် ကာကွယ်ထားနိူင်တယ်..
အပင်စိုက်ပြီး..ရက် ခြား မြေတွင်းပိုးသတ်ဆေး အခဲလေးတွေ..ထည့်ပြီးကာကွယ်နိူင်တယ် ပမာန အများကြီးသုံးစရာမလိုတာကြောင့်
ကုန်ကျစရိတ်လဲ သတ်သာမှာလဲ ဖြစ်ပါတယ်..

မြေချ စိုက်ပျိုး တဲ့ အခါ ကျယ်ပြန့်တဲ့ စိုက်ခင်း ကျယ်ပြန့်တဲ့ မြေမှာ ခရမ်းချဉ်မြစ်တွေက အတားအစိးမရှိ မြေတွင်း၌ကျယ်ပြန့် စွာ ထိုးဖောက်ဝင်ရောက်နေခြင်းကြောင့် မြေ တွင်း ပိုး
အန္တာရယ် အရမ်းကြောက်ရတယ် ကာကွယ်ဖို့ မြေတွင်းပိုးသတ်ဆေး သုံးမယ်ဆိုရင်လဲ ပမာန အများကြီးသုံးသော်လဲ
ထိရောက်မူ မရှိဖြစ်တတ်ပါတယ်..


ဒီ စိုက်နည်းစနစ်မှာ..
အပင်ရဲ့ ရောဂါ၉၅%မကျရောက်နိူင် တာကို အာမခံချက်ပေးနိူင်ပါတယ်..

မိမိတို့ စိုက်ပျိုးလိုတဲ့ ခရမ်းချဉ်မျိုး အကြီးအသေးပေါ်မူတည်ပြီး..
စိုက်ဖို့ ပြု လုပ်တဲ့..ပုံး.ရေသန့် ဘူးကြီး.ဒါတွေကိုလဲ အကြီးအသေးချိန်စဖို့လိုပါတယ်..

ကုန်ကျစရိတ်တော့ရှိမှာပါ..
ဒါကို ကျွန်တော်တို့ တခါထဲတော့ အများကြီးစိုက်နိူင်ဖို့ ကြိုးစားရင်တော့ ကုန်ကျစရိတ် အရမ်းများသွားပါမယ်.
လစဉ်..အရေတွက် တိုးတိုး စိုက်သွားမယ်ဆိုရင်
ကုန်ကျစရိတ်လဲ တခါထဲ မများသလို..
၁နှစ်ပတ်လည်ဆိုရင် လို ချင်တဲ့ အရေအတွက်ကို တဖြေးဖြေး ရလာမှာပါ..
ဥပမာ ..ပုံမှာဖော်ပြ ပါရှိတဲ့ ..ပုံးအမဲ တွေကို..
၁လ ..၁၀ပုံးနူန်း ဝယ်ယူစိုက်ပျိုးသွားမယ်ဆိုရင်
၁နှစ်ပတ်လယ်ဆိုရင်..ပုံး..၁၂၀ အထိ စိုက်ပျ ိုးနိူင်မှာဖြစ်ပါတယ် .
စိုက်ပျိုးရေးသမား ကောင်းတွေက ညဏ်အမျော်အမြင်ရှိလေ
မဟာဗျုဟာမြောက်တဲ့ စိုက်ကွက် စိုက်နည်းစနစ်တွေကို
ကုန်ကျစရိတ် သက်သာအောင် ပြုလုပ်စိုက်ပျ ိုးတွေးခေါ်နိူင်စွမ်း ရှိကျပါတယ်..

ဒီစကားပြောရတယ်ဆိုတာက တချ ို့ က စိုက်ပျ ိုးရေးတခုလုပ်မယ်ဆိုရင် အရင်းအနှီး အရင်းနှိးအော်အော် နေကျလို့ပါ..
မလိုဘူးလားတာ့မဟုတ်ပါဘူး လိုပါတယ်..
ညဏ်ကူရင် ...ငွေ .၁ကျပ်နဲ့ သူဌေး ဖြစ်နိူင်ပါတယ်..

စိုက်ပျိုးရေး နည်းပညာများ
မျှဝေပေးလိုက်ပါတယ်ဗျာ

No comments:

Post a Comment

မင်္ဂလာပါ TKIFARMER BLOG မှ ကြိုဆိုပါတယ်ခင်ဗျာ........