မင်္ဂလာပါခင်ဗျာ
စီးပွားဖြစ် နှင်းဆီပန်း
စနစ်တကျ စိုက်ပျိုး ပြုစုနည်း
နှင်းဆီ အမျိုးပေါင်း ၃၀၀၀ ကျော်ရှိပါတယ်။ တကယ်တမ်း မျိုးစေ့ကတော့ ၁၅၀ ကျော်လောက် ရှိပါတယ်။ အဲဒီတော့ တကယ်တမ်း နှင်းဆီကို ခွဲခြားလိုက်မယ်ဆိုရင် ခြုံပုတ်နှင်းဆီရယ်၊ နွယ်နှင်းဆီရယ် နှစ်ခုပဲရှိပါတယ်။ ပြီးတော့ နှင်းဆီစိုက်တဲ့အခါမှာလည်း သူက အစေ့ကို စိုက်လို့ရတာ မဟုတ်ပါဘူး။ မျိုးပင်ကိုသာ စိုက်တာဖြစ်ပါတယ်။
မျိုးပင်ကို စိုက်ပျိုးတော့မယ်ဆိုရင်တော့ ကျွန်တော်တို့ အရင်ဆုံး မျိုးထုပ်ကိုကြည့်ရပါတယ်။ မျိုးထုပ်မှာ တကယ်လို့ အမြစ်တွေ ထွက်နေမယ်ဆိုရင် အဲဒီအမြစ်တွေကို ကျွန်တော်တို့က ညှပ်ပေးရပါတယ်။ ညှပ်ပေးပြီးတော့မှ ဒီ မျိုးထုပ်နဲ့ ကိုက်ညီတဲ့ မြေကျင်းကို တူးရပါမယ်။ တူးပြီးတော့ ပလပ်စတစ်အိတ်ကို ဖယ်လိုက်ပါ။
မျိုးပင်ကို စိုက်တဲ့အခါမှာ မျိုးပင်က မြေကြီးထဲမှာ (၄-၅)လက်မလောက် ထားပြီးတော့ စိုက်ပေးရမှာပါ ။ စိုက်ပျိုးတဲ့အခါမှာလည်း အပင်ကို ကြပ်နေအောင် အပင်ရဲ့ ပတ်ပတ်လည်မှာ ရှိတဲ့ မြေကြီးတွေကို ဖိသိပ်ပေးရပါတယ်။ စိုက်ပျိုးပြီးစ အပင်တွေကိုတော့ ရေကို ဂရုတစိုက် လောင်းပေးရမှာပါ။ အပင်ကြီးတွေအတွက်ဆိုရင်တော့ တစ်ရက်မှာ တစ်ကြိမ် ရေလောင်းပေးရမှာဖြစ်ပါတယ်။
နှင်းဆီကတော့ မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပေမယ့် အပွင့်နှုန်းကောင်းစေဖို့နဲ့ အပင်ကြီးထွားမှု မြန်စေဖို့ မြေသြဇာ ကောင်းကောင်းရရှိဖို့ လိုအပ်ပါတယ်။ ရေဝပ်တာကို မနှစ်သက်တဲ့အတွက် ရေစိမ့်ဝင်မှု ကောင်းတဲ့မြေ ဒါမှမဟုတ်ရင် စိုက်ဘောင်တွေနဲ့ စိုက်ပျိုးသင့်ပါတယ် ။
စိုက်ဘောင်တွေကိုတော့ မြေကြီးမှ ၆ လက်မအမြင့် ထားပေးရမှာပါ။ စိုက်ဘောင် အလျား ပေ ၃၀ အနံ ၅ ပေအတွက်ဆိုရင် နွားချေး ၅ တင်းခန့်နဲ့ပြာ နှစ်ပြည်ခန့် ကို မြေနဲ့ ရောပေးရမှာပါ။
အပင်ကိုတော့ တစ်ပင်နဲ့တစ်ပင် သုံးပေခန့် ခွာပြီးတော့ စိုက်ပေးရမှာဖြစ်ပါတယ်။ စိုက်ပျိုးဖို့ အကောင်းဆုံး အချိန်တွေကတော့ မိုးနည်းတဲ့ ဒေသတွေမှာဆိုရင်တော့ မိုးဦးစနဲ့မိုးများတဲ့ဒေသတွေမှာဆိုရင်ဆောင်းဦးပေါက်
ကာလတွေမှာ စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။
စိုက်ပျိုးမယ့်ပျိုးပင်တွေကိုလည်းသေချာစစ်ဆေး
သင့်ပါတယ်။ မစိုက်ပျိုးမီ တစ်ပတ် အလို လောက်မှာ ပိုးသတ်ဆေး ၊မှိုသတ်ဆေးတွေကို ဖျန်းပေးထားရမှာ ဖြစ်ပါတယ်။
စိုက်ပျိုးတဲ့ အခါမှာလည်း မျိုးထုပ်ရဲ့ အပြင်မှာထွက်နေတဲ့ အမြစ်တွေကို ဖြတ်ပြီးတော့ မြေစိုင်ခဲမပြတ် စိုက်ပျိုးခြင်းနဲ့ မြေစိုင်ခဲကိုဖယ်ပြီး အမြစ်ကို တစ်နာရီခန့် ရေထဲမှာ စိမ်ပြီးမှ စိုက်ပျိုးခြင်းဆိုပြီးတော့ နှစ်မျိုး ရှိပါတယ်။
နှင်းဆီပန်းပွင့် ရောင်းတန်းထဲကို ဝင်ဖို့အတွက်ကတော့ ကိုင်းရှင်းတဲ့နေရာမှာ အရမ်းကို အရေးကြီးပါတယ်။ ကိုင်းရှင်းတာက နှင်းဆီပန်းပင် ရှင်သန် ရပ်တည်ဖို့နဲ့ ပန်းပွင့်လှ လှဖြစ်ဖို့အတွက်ကတော့ အရမ်းကို အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။
နှင်းဆီပန်း ပြုစုနည်း
နှင်းဆီပန်းတစ်ပင် ကိုင်းရှင်းတဲ့အခါ ဘာကို ကြည့်ရမလဲဆိုတော့ ဥပမာ အပင်မှာ အတက်တွေထွက်နိုင်တဲ့နေရာရဲ့အောက်က နှစ်ကိုင်းလောက်ကို ချန်ထားပြီးတော့ ညှပ်ရမှာဖြစ်ပါတယ်။ ဒါမှလည်း ထွက်လာတဲ့ အတက်တွေက သန်မာပြီးတော့ ရောင်းတန်းဝင်တဲ့ အပင်တွေ ဖြစ်လာမှာပါ။
ကိုင်းသင်ပြီး တစ်လခွဲကြာတဲ့အချိန်မှာတော့ ပန်းတွေ စတင် ဖူးပွင့်လာမှာပါ ။ ပန်းခူးခြင်းနဲ့ ကိုင်းသင်ခြင်းကိုတော့ နောက်ပိုင်းမှာ အတူတူ လုပ်ဆောင်လာရမှာပဲ ဖြစ်ပါတယ်။ ပန်းခူးတဲ့အခါမှာ ပန်းပွင့်ရဲ့ အောက်မှာရှိတဲ့ အတက် လေးငါးဆစ်ပါအောင် ခူးပေးရမှာပဲ ဖြစ်ပါတယ်။ ဒါမှသာ သန်စွမ်းတဲ့ကိုင်းတွေ ထွက်ပြီးတော့ ဖူးပွင့်မှာဖြစ်ပါတယ်။
နှင်းဆီပင်ကို တစ်နှစ်မှာ တစ်ကြိမ်ခန့် အစာကြီး ကျွေးရပါတယ်။ နှင်းဆီပန်းတွေကို တော့ အစေ့ကနေ စိုက်ပျိုးလေ့မရှိပဲ ကိုင်းထိုးပြီးတော့ စိုက်ပျိုးလေ့ရှိပါတယ်။ကိုင်းတွေ ကိုတော့ (၄-၆)လက်မ အရှည်ခန့်ကို ဖြတ်ပြီး ပျိုးအိတ်ထဲမှာထည့်ပြီး စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။ မိုးရာသီမှာတော့ မြေထုပ်စည်း ပြီးတော့လည်း မျိုးပွားနိုင်ပါတယ်။ နှင်းဆီပန်းကတော့ နေ့စဉ် ဝင်ငွေရနေတဲ့ ပန်းဖြစ်ပြီးတော့ သုံးနှစ်အထိ ပန်း တွေကို ခူးဆွတ်နိုင်ပါတယ်။
စီးပြားျဖစ္ ႏွင္းဆီပန္း
စနစ္တက် စိုက္ပ်ိဳး ျပဳစုနည္း
ႏွင္းဆီ အမ်ိဳးေပါင္း ၃၀၀၀ ေက်ာ္ရွိပါတယ္။ တကယ္တမ္း မ်ိဳးေစ့ကေတာ့ ၁၅၀ ေက်ာ္ေလာက္ ရွိပါတယ္။ အဲဒီေတာ့ တကယ္တမ္း ႏွင္းဆီကုိ ခြဲျခားလုိက္မယ္ဆုိရင္ ၿခံဳပုတ္ႏွင္းဆီရယ္၊ ႏြယ္ႏွင္းဆီရယ္ ႏွစ္ခုပဲရွိပါတယ္။ ၿပီးေတာ့ ႏွင္းဆီစိုက္တဲ့အခါမွာလည္း သူက အေစ့ကုိ စုိက္လုိ႔ရတာ မဟုတ္ပါဘူး။ မ်ိဳးပင္ကုိသာ စိုက္တာျဖစ္ပါတယ္။
မ်ိဳးပင္ကုိ စုိက္ပ်ိဳးေတာ့မယ္ဆုိရင္ေတာ့ ကၽြန္ေတာ္တို႔ အရင္ဆံုး မ်ိဳးထုပ္ကိုၾကည့္ရပါတယ္။ မ်ိဳးထုပ္မွာ တကယ္လို႔ အျမစ္ေတြ ထြက္ေနမယ္ဆုိရင္ အဲဒီအျမစ္ေတြကုိ ကၽြန္ေတာ္တုိ႔က ညႇပ္ေပးရပါတယ္။ ညႇပ္ေပးၿပီးေတာ့မွ ဒီ မ်ိဳးထုပ္နဲ႔ ကိုက္ညီတဲ့ ေျမက်င္းကို တူးရပါမယ္။ တူးၿပီးေတာ့ ပလပ္စတစ္အိတ္ကို ဖယ္လုိက္ပါ။
မ်ိဳးပင္ကုိ စုိက္တဲ့အခါမွာ မ်ိဳးပင္က ေျမႀကီးထဲမွာ (၄-၅)လက္မေလာက္ ထားၿပီးေတာ့ စုိက္ေပးရမွာပါ ။ စုိက္ပ်ိဳးတဲ့အခါမွာလည္း အပင္ကုိ ၾကပ္ေနေအာင္ အပင္ရဲ႕ ပတ္ပတ္လည္မွာ ရွိတဲ့ ေျမႀကီးေတြကို ဖိသိပ္ေပးရပါတယ္။ စုိက္ပ်ိဳးၿပီးစ အပင္ေတြကိုေတာ့ ေရကုိ ဂ႐ုတစိုက္ ေလာင္းေပးရမွာပါ။ အပင္ႀကီးေတြအတြက္ဆုိရင္ေတာ့ တစ္ရက္မွာ တစ္ႀကိမ္ ေရေလာင္းေပးရမွာျဖစ္ပါတယ္။
ႏွင္းဆီကေတာ့ ေျမအမ်ိဳးအစားမေရြး စုိက္ပ်ိဳးႏိုင္ေပမယ့္ အပြင့္ႏႈန္းေကာင္းေစဖို႔နဲ႔ အပင္ႀကီးထြားမႈ ျမန္ေစဖို႔ ေျမၾသဇာ ေကာင္းေကာင္းရရွိဖို႔ လုိအပ္ပါတယ္။ ေရဝပ္တာကို မႏွစ္သက္တဲ့အတြက္ ေရစိမ့္ဝင္မႈ ေကာင္းတဲ့ေျမ ဒါမွမဟုတ္ရင္ စုိက္ေဘာင္ေတြနဲ႔ စုိက္ပ်ိဳးသင့္ပါတယ္ ။
စုိက္ေဘာင္ေတြကိုေတာ့ ေျမႀကီးမွ ၆ လက္မအျမင့္ ထားေပးရမွာပါ။ စုိက္ေဘာင္ အလ်ား ေပ ၃၀ အနံ ၅ ေပအတြက္ဆုိရင္ ႏြားေခ်း ၅ တင္းခန္႔နဲ႔ျပာ ႏွစ္ျပည္ခန္႔ ကုိ ေျမနဲ႔ ေရာေပးရမွာပါ။
အပင္ကုိေတာ့ တစ္ပင္နဲ႔တစ္ပင္ သံုးေပခန္႔ ခြာၿပီးေတာ့ စိုက္ေပးရမွာျဖစ္ပါတယ္။ စုိက္ပ်ိဳးဖို႔ အေကာင္းဆံုး အခ်ိန္ေတြကေတာ့ မိုးနည္းတဲ့ ေဒသေတြမွာဆုိရင္ေတာ့ မိုးဦးစနဲ႔မိုးမ်ားတဲ့ေဒသေတြမွာဆုိရင္ေဆာင္းဦးေပါက္
ကာလေတြမွာ စုိက္ပ်ိဳးေပးရမွာျဖစ္ပါတယ္။
စုိက္ပ်ိဳးမယ့္ပ်ိဳးပင္ေတြကုိလည္းေသခ်ာစစ္ေဆး
သင့္ပါတယ္။ မစုိက္ပ်ိဳးမီ တစ္ပတ္ အလို ေလာက္မွာ ပိုးသတ္ေဆး ၊မႈိသတ္ေဆးေတြကုိ ဖ်န္းေပးထားရမွာ ျဖစ္ပါတယ္။
စုိက္ပ်ိဳးတဲ့ အခါမွာလည္း မ်ိဳးထုပ္ရဲ႕ အျပင္မွာထြက္ေနတဲ့ အျမစ္ေတြကုိ ျဖတ္ၿပီးေတာ့ ေျမစုိင္ခဲမျပတ္ စုိက္ပ်ိဳးျခင္းနဲ႔ ေျမစိုင္ခဲကိုဖယ္ၿပီး အျမစ္ကုိ တစ္နာရီခန္႔ ေရထဲမွာ စိမ္ၿပီးမွ စုိက္ပ်ိဳးျခင္းဆုိၿပီးေတာ့ ႏွစ္မ်ိဳး ရွိပါတယ္။
ႏွင္းဆီပန္းပြင့္ ေရာင္းတန္းထဲကုိ ဝင္ဖို႔အတြက္ကေတာ့ ကိုင္းရွင္းတဲ့ေနရာမွာ အရမ္းကို အေရးႀကီးပါတယ္။ ကိုင္းရွင္းတာက ႏွင္းဆီပန္းပင္ ရွင္သန္ ရပ္တည္ဖုိ႔နဲ႔ ပန္းပြင့္လွ လွျဖစ္ဖုိ႔အတြက္ကေတာ့ အရမ္းကို အေရးႀကီးတဲ့အခ်က္ ျဖစ္ပါတယ္။
ႏွင္းဆီပန္း ျပဳစုနည္း
ႏွင္းဆီပန္းတစ္ပင္ ကိုင္းရွင္းတဲ့အခါ ဘာကို ၾကည့္ရမလဲဆုိေတာ့ ဥပမာ အပင္မွာ အတက္ေတြထြက္ႏိုင္တဲ့ေနရာရဲ႕ေအာက္က ႏွစ္ကိုင္းေလာက္ကို ခ်န္ထားၿပီးေတာ့ ညႇပ္ရမွာျဖစ္ပါတယ္။ ဒါမွလည္း ထြက္လာတဲ့ အတက္ေတြက သန္မာၿပီးေတာ့ ေရာင္းတန္းဝင္တဲ့ အပင္ေတြ ျဖစ္လာမွာပါ။
ကုိင္းသင္ၿပီး တစ္လခြဲၾကာတဲ့အခ်ိန္မွာေတာ့ ပန္းေတြ စတင္ ဖူးပြင့္လာမွာပါ ။ ပန္းခူးျခင္းနဲ႔ ကိုင္းသင္ျခင္းကိုေတာ့ ေနာက္ပိုင္းမွာ အတူတူ လုပ္ေဆာင္လာရမွာပဲ ျဖစ္ပါတယ္။ ပန္းခူးတဲ့အခါမွာ ပန္းပြင့္ရဲ႕ ေအာက္မွာရွိတဲ့ အတက္ ေလးငါးဆစ္ပါေအာင္ ခူးေပးရမွာပဲ ျဖစ္ပါတယ္။ ဒါမွသာ သန္စြမ္းတဲ့ကိုင္းေတြ ထြက္ၿပီးေတာ့ ဖူးပြင့္မွာျဖစ္ပါတယ္။
ႏွင္းဆီပင္ကုိ တစ္ႏွစ္မွာ တစ္ႀကိမ္ခန္႔ အစာႀကီး ေကၽြးရပါတယ္။ ႏွင္းဆီပန္းေတြကို ေတာ့ အေစ့ကေန စုိက္ပ်ိဳးေလ့မရွိပဲ ကုိင္းထုိးၿပီးေတာ့ စိုက္ပ်ိဳးေလ့ရွိပါတယ္။ကိုင္းေတြ ကိုေတာ့ (၄-၆)လက္မ အရွည္ခန္႔ကုိ ျဖတ္ၿပီး ပ်ိဳးအိတ္ထဲမွာထည့္ၿပီး စိုက္ပ်ိဳးေပးရမွာျဖစ္ပါတယ္။ မိုးရာသီမွာေတာ့ ေျမထုပ္စည္း ၿပီးေတာ့လည္း မ်ိဳးပြားႏိုင္ပါတယ္။ ႏွင္းဆီပန္းကေတာ့ ေန႔စဥ္ ဝင္ေငြရေနတဲ့ ပန္းျဖစ္ၿပီးေတာ့ သံုးႏွစ္အထိ ပန္း ေတြကို ခူးဆြတ္ႏုိင္ပါတယ္။

No comments:
Post a Comment
မင်္ဂလာပါ TKIFARMER BLOG မှ ကြိုဆိုပါတယ်ခင်ဗျာ........