မင်္ဂလာပါခင်ဗျာ
ကြက်မောက်ပင် အစေ့မှ အပင်ဖောက် စိုက်နည်း
အစေ့ကနေ မျိုးပွားခြင်းဟာ စီးပွားဖြစ်လုပ်ဆောင်ဖို့
အတွက် မဟုတ်ပါ။ အစေ့ကနေ စိုက်တဲ့အပင်ဟာ ပန်းပွင့်ဖို့ (၈-၁၀)ထိ ကြာနိုင်ပြီးအကိုင်းဆက်အပင်
တွေဟာ (၃-၄)နှစ်လောက်ပဲကြာပါတယ်။
အညွန့်တည့်တည့်မတ်မတ်ထွက်ဖို့နဲ့ သန်စွမ်းတဲ့
အမြစ်တွေလည်း ကောင်းကောင်းမွန်မွန်ကြီးထွားဖို့
အတွက်အစေ့ကိုပျိုးတဲ့အခါအစေ့ရဲ့ပြားတဲ့ဖက်
ကိုအောက်ဖက်မှာထားပြီးအစေ့ကိုအလှဲလိုက်
အနေအထားနဲ့ ပျိုးထောင်ရပါမယ်။
အစေ့ဟာ သက်တမ်းတိုတောင်းတဲ့အတွက် အစေ့ကို အသီးကနေထုတ်ယူပြီးရေနဲ့ ကောင်းကောင်းဆေးပြီးရင် ချက်ချင်းပျိုးထောင်သင့်ပါတယ်။
အပင်ရွှေ့ပြောင်းစိုက်ပျိုးတဲ့အခါ ဆုံးရှုံးမှုနည်းအောင် အစေ့ကို ပျိုးအိုး၊ပျိုးအိတ်တွေနဲ့ထည့်ပြီး ပျိုးရပါမယ်။ အစေ့ကနေ အပင်ပေါက်စပျိုးချိန်ကနေ (၁၂-၁၅)ရက်ကြာပြီး စောစောပျိုးတဲ့အပင်တွေဟာ သန်စွမ်းမှု အကောင်းဆုံးဖြစ်ပါတယ်။
အစေ့တွေကိုပျိုးဘောင်မှာပျိုးထောင်ရင်စွတ်စိုဖို့
လိုအပ်ပြီးရွှေ့ပြောင်းစိုက်ရင်ပျိုးပင်မှာအစေ့ရွက်တွဲ
လျက်ပါနေတဲ့ အရွယ်မှာရွှေ့ပြောင်းစိုက်ပျိုးသင့်ပါတယ်။
ကောင်းကောင်းဆွေး မြေ့တဲ့မြေဆွေး ၅၈%၊အုန်းဆံမှုန့် ၂၅%နဲ့သဲကြမ်း၁၇%အရောကိုပလပ်စတစ်အိတ်ထဲ
ထည့်ပြီးပျိုးပင်တွေကိုရွှေ့ပြောင်းစိုက်ပျိုးရမှာဖြစ်
ပါတယ်။ ပျိုးပင်တွေကို ရိပ်ကျဲစမှာ (၃)လခန့်ထားပြီး အကိုင်းမဆက်ခင်နေရောင်အောက်မှာ ထားရှိရပါမယ်။
(၆-၈)လခန့်ကြာတဲ့အခါ ပျိုးပင်တွေကို ပါးချင်းအပ်ကိုင်းဆက်ဖို့အတွက် အဆင်သင့်ဖြစ်ပြီး ဖြစ်ပါတယ်။ ပျိုးပင်တစ်ပင်အတွက် တစ်လကို N:P:K (၁၂း၁ရး၂) (၁၀)ဂရမ် ဒါမှမဟုတ် ကြက်ချေးဆွေး (၅၀)ဂရမ် ဖြစ်ပါတယ်။
သင့်တော်တဲ့ကြီးထွားဖွံ့ဖြိုးမှုအဆင့်ရောက်နေပြီး ပျိုးခင်းကနေ ပြောင်းရွှေ့ပြီး မစိုက်ရသေးခင် မြေကြီး အောက်ကရေသောက်မြစ်ကိုဓားနဲ့ထိုးသွင်းဖြတ်ပေး
ခြင်းအားဖြင့် အပင်ရွှေ့ပြောင်းစိုက်ပျိုးတဲ့အခါ အသေအပျောက်နည်းစေပါတယ်။
အမြစ်ဖြတ်ခြင်းဖြင့် သိပ်သည်းတဲ့မြစ်မွှားတွေဖွံ့ဖြိုးမှုဖြစ်စေဖို့ အားပေး ပါတယ်။ ရွှေ့ပြောင်းပြီး ပျိုးပင်တွေကို အရိပ်အောက်မှာထားပြီး ပုံမှန်ရေလောင်းပေးဖို့ လိုအပ်ပါတယ်။ အားလုံးအဆင်ပြေကြပါစေ........
ကြက်မောက်ပင် ပျိုးထောင်ဖို့အတွက်
No comments:
Post a Comment
မင်္ဂလာပါ TKIFARMER BLOG မှ ကြိုဆိုပါတယ်ခင်ဗျာ........