Saturday, April 11, 2020

သံပုရာပင် အမြောက်အမြား မျိုးပွားနည်း

သံပုရာပင် အမြောက်အမြား မျိုးပွားနည်း
၁။ ကျန်းမာသန်စွမ်းသော မျိုးကိုင်းအရင့်များကိုရွေးချယ်ရမည်။ ရွေးချယ်ရာတွင် အပင်၏ အညွန့်ပိုင်း များကို လုံးပတ် ဝ.၂၅ လက်မလောက် အများဆုံးထားရွေးချယ်ပြီးအညွန့်မှ လေး လက်မ ငါးလက်မစီဖြတ်ပါ ပြီးနောက် ထိပ်အညွန့်လေးများကိုဖြတ်ပါ အရွက် လေးရွက်ငါးရွက်မျှချန်ထားပါ အရင်းပိုင်းကို လည်း စောက်သွားပုံဖြတ်ပေးပါ။ ၂။ သင့်ရာမြစ်ပွားဆေးဖြင့် နာရီဝက်ခန့် စိမ်ထားပါ။ ၃။ မြစ်သဲ ချောင်းသဲများ ကို ဆေးထားပါ ရေအရောင်မရှိသည်ထိဆေးပါ ရေစစ်ပြီး ပျိုးမည့်ကန်အတွင်း ၆ လက်မ ခန့်ဖြည့်ပါ ကန်ကို အုတ်ကန် ကွန်ကရစ်ကန် မြေကန်များသုံးနိုင်ပါသည်။ ၄။ မျိုးကိုင်းများကို မစိတ်မကျဲ ထိုးစိုက်ပေးပါ။ ရေမွှားလေးများ အရွက်များ စိုရုံဖြန်းပါ ပြီးလျှင် ကန်ကို မှန် သို့မဟုတ် ပလပ်စတစ်ပြားဖြင့်ဖုံးအုပ်ထားပါ ကန်သည်နေရောင်တိုက်ရိုက်မကျဘဲအလင်းရောင် ကောင်းစွာရရန် အထူးလိုပါတယ်။ ၄၅ ရက်ကြာ လျှင် အညွန့်သစ်ထွက် ပြီးအမြစ်များထွက်လာပါမယ် နှစ်သက်ရာ ပျိုးအိတ် ပျိုးခွက်များဖြင့် ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါပြီ ထိုင်းနည်းပညာပါ။ပြန်လည်မျှဝေပေးလိုက်ပါတယ်

No comments:

Post a Comment

မင်္ဂလာပါ TKIFARMER BLOG မှ ကြိုဆိုပါတယ်ခင်ဗျာ........