Wednesday, April 8, 2020

ရွှေဖရုံ စိုက်ပျိုးနည်း

မင်္ဂလာပါခင်ဗျာစိုက်ပျိုးရေးကိုစိတ်ပါဝင်စားသူများအတွက် စိုက်ပျိုးရလွယ်ကူပြီး လူအများနှစ်သက်စွာစားသုံးကြတဲ့ ရွှေဖရုံ စိုက်ပျိုးနည်းကို တင်ဆက်ပေးလိုက်ပါသည်။ ရွှေဖရုံသီးကိုစီးပွားဖြစ် ဧကများစွာစိုက်ပျိုးကြသကဲ့သို့ မိမိနေအိမ်ပတ်ဝန်းကျင်တွင် တစ်ပိုင်တစ်နိုင်လည်း စိုက်ပျိုးနိုင်ပါသည်။

ရွှေဖရုံ စိုက်ပျိုးနည်း

မြန်မာအမည် - ရွှေဖရုံ
အင်္ဂလိပ်အမည် - PUMPKIN
ရုက္ခဗေဒအမည် - Cucubita maxima
မျိုးရင်းအမည် - CUCURBITACEAE

၁။ မူရင်းဒေသ

ရွှေဖရုံကို တောင်အမေရိကနှင့် မြောက်အမေရိကတိုက်တို့၏ အကြား အပူပိုင်းဒေသတွင်စတင်ပေါက်ရောက်ခဲ့ ကြသည်ဟု ယူဆကြသည်။

၂။ အမျိုးအစား

မြန်မာနိုင်ငံတွင် ရွှေဖရုံသီးမျိုးပေါင်းမြောက်များစွာရှိ၍ အသီး၏ပုံသဏ္ဍာန်နှင့် အရွယ်အစားလည်းအမျိုးမျိုး ရှိသည်။ အချို့အသီးသည်ဘောင်စောက်ဖြစ်၍ ၂ပေခန့်အထိရှည်သည်။ အချို့ဝိုင်း၍ပြားပြီးလျှင်အမြှောင်းထသည်။ ဤမျိုးတွင် စေးသောမျိုးနှင့် မစေးသောမျိုးဟူ၍ နှစ်မျိုးရှိသည်။ စေးသောမျိုးသည်ရွှေဝါရောင်အသား ရှိ၍မာသည်။ မစေးသောမျိုးသည်အသားပွ၍ အဝါရောင်ဖျော့သည်။ အရှည်မျိုးမှလွဲ၍ ကျန်မျိုးတို့သည် အလုံးငယ် ကြသည်။

၃။ စိုက်ပျိုးသည့်ဒေသ

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် ပဲခူးတိုင်းတို့တွင် အများအပြားစိုက်ပျိုးပြီး အောက်မြန်မာပြည်တွင် အနည်းအကျဉ်းစိုက်ပျိုးကြပါသည်။

၄။ ရေမြေရာသီဥတု

ရွှေဖရုံသည်မြေဆီဩဇာကြွယ်ဝသောမြေကိုကြိုက်နှစ်သက်သည်။ ထို့ကြောင့်နုန်းဆန်သောမြေ၊ မြေနီသဲဝန်း၊ နုန်းစနယ်မြေများတွင်စိုက်ပျိုးရန်သင့်လျော်ပါသည်။ မြေကြီး pH (၆ - ၆.၅) အတွင်းတွင်ပိုမိုဖြစ်ထွန်းပါသည်။ ရွှေဖရုံသည် ပူနွေးသောရာသီဥတုကိုနှစ်သက်သည်။ သို့သော်လည်းအတော်အတန်အေးသော ရာသီဥတုတွင် လည်း စိုက်ပျိုးနိုင်ပါသည်။ ရွှေဖရုံသည် အသက်ရက်(၁၀၀ - ၁၂၀)ရှိသဖြင့်သက်တမ်း (၄)လအတွင်း ဆီးနှင်းကင်း သော အရပ်ဒေသတွင်စိုက်ပျိုးရန်လိုအပ်ပါသည်။

၅။ မြေပြုပြင်ခြင်း

ရွှေဖရုံစိုက်ပျိုးရန်အတွက် ပထမထယ်တစ်စပ်ထိုးပြီး၊ ထွန်ဖြင့်(၆ - ၈)စပ်အထိထွန်ရေးကောင်းရသည်အထိ ထွန်ပေးရပါမည်။ ပြီးနောက်ကြမ်းတုံးဖြင့်မြေညှိထားရမည်။

၆။ မြေဩဇာကျွေးနည်း

တစ်ဧကလျှင် ယူရီးယားမြေဩဇာ (၁)အိတ်၊ ကျောက်မှုန့် (၁)အိတ်ကိုရောစပ်၍မြေခံအဖြစ်ထည့်ပေးရန်နှင့် ပန်းစပွင့်ချိန်တွင်ကွန်ပေါင်းမြေဩဇာ (၁)အိတ်ကြဲပက်ပေးရပါမည်။

၇။ မျိုးပွားနည်း

ရင့်မှည့်သောအသီးမှမျိုးစေ့ခံယူပြီး မျိုးပွားရပါသည်။

၈။ စိုက်ပျိုးနည်

ရွှေဖရုံကို မိုးဦး၌ မေလနှင့်ဇွန်လတွင်စိုက်ပျိုးပြီး ဆောင်းရာသီ၌ အောက်တိုဘာနှင့်နိုဝင်ဘာလတွင်စိုက်ပျိုးပါ သည်။ စိုက်ပျိုးနည်းမှာထယ်ရေးကောင်းစွာရပြီး ကြမ်းရိုက်မြေညှိထားသောအကွက်တွင် (၃)ပေခြား၍ တစ်တန်း နှင့် တစ်တန်း(၁၅ - ၁၈)ပေခွာ၍ တစ်ကျင်းတွင် (၃ - ၄)စေ့ချစိုက်ပါသည်။

၉။ တစ်ဧကမျိုးစေ့နှုန်း

တစ်ဧကမျိုးစေ့နှုန်းမှာ (၂)ကီလိုဂရမ်မှ (၃)ကီလိုဂရမ် ဖြစ်ပါသည်။

၁၀။ ရေသွင်းနည်း

ဆောင်းစိုက်များတွင်ရေတစ်ကြိမ် နှစ်ကြိမ်သွင်းပေးရန်လိုအပ်ပါသည်။

၁၁။ အပင်ပြုစုနည်း

ရွှေဖရုံပင်ငယ်များတစ်လသားခန့်ရောက်လျှင် အပင်တန်းကြားကိုကြားထွန်ဝင်ပေးပြီး အပင်ခြေရင်းရှိပေါင်းများကို လက်ပေါင်းလိုက်ပေးပါ။ ပေါင်းပေါက်သည့်အနေအထားအရ (၁၅)ရက်ခြား (သို့မဟုတ်) (၂၀)ရက်ခြား ပေါင်းလိုက်ပေးရန်လိုပါသည်။ မိုးများလျှင်အခင်းအတွင်းရေမဝပ်စေရန် ရေထုတ်ပေးရပါမည်။

၁၂။ အသီးဆွတ်ခူးနည်း

ရွှေဖရုံသီးစိုက်ပြီးအပင်သက် (၁၀၀ - ၁၂၀)ရက်ခန့်ကြာလျှင် ဖရုံသီးများရင့်မှည့်ပြီဖြစ်၍ စတင်ခူးနိုင်သည်။ ရွှေဖရုံသီးများကိုကောင်းစွာရင့်မှည့်မှဆွတ်ခူးရန်လိုပါသည်။ ဖရုံသီးကိုအညှာဖြင့်ထားပါက ပိုမိုကြာရှည်စွာထား နိုင်သည်။ ရွှေဖရုံသီးတစ်ဧကလျှင်အလုံးရေ (၁၅၀၀-၂၀၀၀) အထိသီးနိုင်ပြီး (၂၀၀၀)ကီလိုဂရမ်ခန့်အလေးချိန် ရှိပါသည်။

၁၃။ မျိုးစေ့ထုတ်လုပ်နည်း

ရင့်မှည့်၍ရောဂါကင်းသော ရွှေဖရုံသီးကိုဓားဖြင့်ထက်ခြမ်းခွဲပြီးအတွင်းမှအစေ့များကိုထုတ်ယူပါ။ ထိုအစေ့များကို ရေဆေးပြီးနေလှန်းပေးပါ။ သန့်ရှင်းခြောက်သွေ့သောအစေ့များကိုလေလုံသောဘူး (သို့မဟုတ်) ပုလင်းတွင်ထည့် သွင်း သိုလှောင်နိုင်ပါသည်။

၁၄။ သတိပြုရန်အချက်များ

(၁) ရွှေဖရုံပင်စိုက်ရာတွင် ကျိုင်းကောင်ကိုအထူးဂရုစိုက်နှိမ်နင်းရန်လိုပါသည်။
(၂) ရွှေဖရုံခင်းအသီးတင်နည်းပါက အမပွင့်များအား အဖိုပွင့်မှ ဝတ်မှုန်ကူးပေးရန်လိုအပ်ပါသည်။

source - ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း။
စိုက္ပ်ိဳးေရးကိုစိတ္ပါဝင္စားသူမ်ားအတြက္ စိုက္ပ်ိဳးရလြယ္ကူၿပီး လူအမ်ားႏွစ္သက္စြာစားသုံးၾကတဲ့ ေ႐ႊဖ႐ုံ စိုက္ပ်ိဳးနည္းကို တင္ဆက္ေပးလိုက္ပါသည္။ ေ႐ႊဖ႐ုံသီးကိုစီးပြားျဖစ္ ဧကမ်ားစြာစိုက္ပ်ိဳးၾကသကဲ့သို႔ မိမိေနအိမ္ပတ္ဝန္းက်င္တြင္ တစ္ပိုင္တစ္ႏိုင္လည္း စိုက္ပ်ိဳးႏိုင္ပါသည္။

⏩ေ႐ႊဖ႐ုံ စိုက္ပ်ိဳးနည္း⏪

ျမန္မာအမည္ - ေ႐ႊဖ႐ုံ
အဂၤလိပ္အမည္ - PUMPKIN
႐ုကၡေဗဒအမည္ - Cucubita maxima
မ်ိဳးရင္းအမည္ - CUCURBITACEAE

၁။ မူရင္းေဒသ

ေ႐ႊဖ႐ုံကို ေတာင္အေမရိကႏွင့္ ေျမာက္အေမရိကတိုက္တို႔၏ အၾကား အပူပိုင္းေဒသတြင္စတင္ေပါက္ေရာက္ခဲ့ ၾကသည္ဟု ယူဆၾကသည္။

၂။ အမ်ိဳးအစား

ျမန္မာႏိုင္ငံတြင္ ေ႐ႊဖ႐ုံသီးမ်ိဳးေပါင္းေျမာက္မ်ားစြာရွိ၍ အသီး၏ပုံသ႑ာန္ႏွင့္ အ႐ြယ္အစားလည္းအမ်ိဳးမ်ိဳး ရွိသည္။ အခ်ိဳ႕အသီးသည္ေဘာင္ေစာက္ျဖစ္၍ ၂ေပခန႔္အထိရွည္သည္။ အခ်ိဳ႕ဝိုင္း၍ျပားၿပီးလွ်င္အေျမႇာင္းထသည္။ ဤမ်ိဳးတြင္ ေစးေသာမ်ိဳးႏွင့္ မေစးေသာမ်ိဳးဟူ၍ ႏွစ္မ်ိဳးရွိသည္။ ေစးေသာမ်ိဳးသည္ေ႐ႊဝါေရာင္အသား ရွိ၍မာသည္။ မေစးေသာမ်ိဳးသည္အသားပြ၍ အဝါေရာင္ေဖ်ာ့သည္။ အရွည္မ်ိဳးမွလြဲ၍ က်န္မ်ိဳးတို႔သည္ အလုံးငယ္ ၾကသည္။

၃။ စိုက္ပ်ိဳးသည့္ေဒသ

မႏၲေလးတိုင္း၊ စစ္ကိုင္းတိုင္း၊ မေကြးတိုင္း ႏွင့္ ပဲခူးတိုင္းတို႔တြင္ အမ်ားအျပားစိုက္ပ်ိဳးၿပီး ေအာက္ျမန္မာျပည္တြင္ အနည္းအက်ဥ္းစိုက္ပ်ိဳးၾကပါသည္။

၄။ ေရေျမရာသီဥတု

ေ႐ႊဖ႐ုံသည္ေျမဆီဩဇာႂကြယ္ဝေသာေျမကိုႀကိဳက္ႏွစ္သက္သည္။ ထို႔ေၾကာင့္ႏုန္းဆန္ေသာေျမ၊ ေျမနီသဲဝန္း၊ ႏုန္းစနယ္ေျမမ်ားတြင္စိုက္ပ်ိဳးရန္သင့္ေလ်ာ္ပါသည္။ ေျမႀကီး pH (၆ - ၆.၅) အတြင္းတြင္ပိုမိုျဖစ္ထြန္းပါသည္။ ေ႐ႊဖ႐ုံသည္ ပူေႏြးေသာရာသီဥတုကိုႏွစ္သက္သည္။ သို႔ေသာ္လည္းအေတာ္အတန္ေအးေသာ ရာသီဥတုတြင္ လည္း စိုက္ပ်ိဳးႏိုင္ပါသည္။ ေ႐ႊဖ႐ုံသည္ အသက္ရက္(၁၀၀ - ၁၂၀)ရွိသျဖင့္သက္တမ္း (၄)လအတြင္း ဆီးႏွင္းကင္း ေသာ အရပ္ေဒသတြင္စိုက္ပ်ိဳးရန္လိုအပ္ပါသည္။

၅။ ေျမျပဳျပင္ျခင္း

ေ႐ႊဖ႐ုံစိုက္ပ်ိဳးရန္အတြက္ ပထမထယ္တစ္စပ္ထိုးၿပီး၊ ထြန္ျဖင့္(၆ - ၈)စပ္အထိထြန္ေရးေကာင္းရသည္အထိ ထြန္ေပးရပါမည္။ ၿပီးေနာက္ၾကမ္းတုံးျဖင့္ေျမညႇိထားရမည္။

၆။ ေျမဩဇာေကြၽးနည္း

တစ္ဧကလွ်င္ ယူရီးယားေျမဩဇာ (၁)အိတ္၊ ေက်ာက္မႈန႔္ (၁)အိတ္ကိုေရာစပ္၍ေျမခံအျဖစ္ထည့္ေပးရန္ႏွင့္ ပန္းစပြင့္ခ်ိန္တြင္ကြန္ေပါင္းေျမဩဇာ (၁)အိတ္ႀကဲပက္ေပးရပါမည္။

၇။ မ်ိဳးပြားနည္း

ရင့္မွည့္ေသာအသီးမွမ်ိဳးေစ့ခံယူၿပီး မ်ိဳးပြားရပါသည္။

၈။ စိုက္ပ်ိဳးနည္

ေ႐ႊဖ႐ုံကို မိုးဦး၌ ေမလႏွင့္ဇြန္လတြင္စိုက္ပ်ိဳးၿပီး ေဆာင္းရာသီ၌ ေအာက္တိုဘာႏွင့္ႏိုဝင္ဘာလတြင္စိုက္ပ်ိဳးပါ သည္။ စိုက္ပ်ိဳးနည္းမွာထယ္ေရးေကာင္းစြာရၿပီး ၾကမ္း႐ိုက္ေျမညႇိထားေသာအကြက္တြင္ (၃)ေပျခား၍ တစ္တန္း ႏွင့္ တစ္တန္း(၁၅ - ၁၈)ေပခြာ၍ တစ္က်င္းတြင္ (၃ - ၄)ေစ့ခ်စိုက္ပါသည္။

၉။ တစ္ဧကမ်ိဳးေစ့ႏႈန္း

တစ္ဧကမ်ိဳးေစ့ႏႈန္းမွာ (၂)ကီလိုဂရမ္မွ (၃)ကီလိုဂရမ္ ျဖစ္ပါသည္။

၁၀။ ေရသြင္းနည္း

ေဆာင္းစိုက္မ်ားတြင္ေရတစ္ႀကိမ္ ႏွစ္ႀကိမ္သြင္းေပးရန္လိုအပ္ပါသည္။

၁၁။ အပင္ျပဳစုနည္း

ေ႐ႊဖ႐ုံပင္ငယ္မ်ားတစ္လသားခန႔္ေရာက္လွ်င္ အပင္တန္းၾကားကိုၾကားထြန္ဝင္ေပးၿပီး အပင္ေျခရင္းရွိေပါင္းမ်ားကို လက္ေပါင္းလိုက္ေပးပါ။ ေပါင္းေပါက္သည့္အေနအထားအရ (၁၅)ရက္ျခား (သို႔မဟုတ္) (၂၀)ရက္ျခား ေပါင္းလိုက္ေပးရန္လိုပါသည္။ မိုးမ်ားလွ်င္အခင္းအတြင္းေရမဝပ္ေစရန္ ေရထုတ္ေပးရပါမည္။

၁၂။ အသီးဆြတ္ခူးနည္း

ေ႐ႊဖ႐ုံသီးစိုက္ၿပီးအပင္သက္ (၁၀၀ - ၁၂၀)ရက္ခန႔္ၾကာလွ်င္ ဖ႐ုံသီးမ်ားရင့္မွည့္ၿပီျဖစ္၍ စတင္ခူးႏိုင္သည္။ ေ႐ႊဖ႐ုံသီးမ်ားကိုေကာင္းစြာရင့္မွည့္မွဆြတ္ခူးရန္လိုပါသည္။ ဖ႐ုံသီးကိုအညႇာျဖင့္ထားပါက ပိုမိုၾကာရွည္စြာထား ႏိုင္သည္။ ေ႐ႊဖ႐ုံသီးတစ္ဧကလွ်င္အလုံးေရ (၁၅၀၀-၂၀၀၀) အထိသီးႏိုင္ၿပီး (၂၀၀၀)ကီလိုဂရမ္ခန႔္အေလးခ်ိန္ ရွိပါသည္။

၁၃။ မ်ိဳးေစ့ထုတ္လုပ္နည္း

ရင့္မွည့္၍ေရာဂါကင္းေသာ ေ႐ႊဖ႐ုံသီးကိုဓားျဖင့္ထက္ျခမ္းခြဲၿပီးအတြင္းမွအေစ့မ်ားကိုထုတ္ယူပါ။ ထိုအေစ့မ်ားကို ေရေဆးၿပီးေနလွန္းေပးပါ။ သန႔္ရွင္းေျခာက္ေသြ႕ေသာအေစ့မ်ားကိုေလလုံေသာဘူး (သို႔မဟုတ္) ပုလင္းတြင္ထည့္ သြင္း သိုေလွာင္ႏိုင္ပါသည္။

၁၄။ သတိျပဳရန္အခ်က္မ်ား

(၁) ေ႐ႊဖ႐ုံပင္စိုက္ရာတြင္ က်ိဳင္းေကာင္ကိုအထူးဂ႐ုစိုက္ႏွိမ္နင္းရန္လိုပါသည္။
(၂) ေ႐ႊဖ႐ုံခင္းအသီးတင္နည္းပါက အမပြင့္မ်ားအား အဖိုပြင့္မွ ဝတ္မႈန္ကူးေပးရန္လိုအပ္ပါသည္။

No comments:

Post a Comment

မင်္ဂလာပါ TKIFARMER BLOG မှ ကြိုဆိုပါတယ်ခင်ဗျာ........