Thursday, August 6, 2020

ပန်းထိမ်ငို စိုက်ပျိုးနည်း

မင်္ဂလာပါခင်ဗျာပန်းထိမ်ငို စိုက်ပျိုးနည်းေလးပါ

ပန်းထိမ်ငိုပန်းကို အအေးပိုင်းဒေသများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ယခုအခု အပူပိုင်းဒေသများတွင်လည်း စတင်စိုက်ပျိုးလာကြပါသည်။ အပူများလွန်းသောအချို့ဒေသများတွင် အရိပ်ကျဲ ၅၀%ရအောင် ဗူးစင်များတင်ပေးခြင်း ပျိုးစင်ဇကာစိမ်းအုပ်ပေးခြင်းဖြင့် စိုက်ပျိုးနိုင်ပါသည်။

    ပန်းထိမ်ငိုသည် ရေကြိုက်ပြီး ရေဝပ်တာကို လုံးဝမကြိုက်ပါ။မြေချဉ်ငံကိန်း pH5-6ကြားတွင်ကောင်း
စွာဖြစ်ထွန်းသည်။မြေနီသဲဝန်း သဲနုန်းနှင့် နုန်းမြေများတွင်စိုက်ပျိုးကြပါသည်။ ပန်းထိမ်ငိုမျိုးတွင် တစ်ထပ်ပန်းထိ်မ်၊ နှစ်ထပ်ပန်းထိမ်၊ သုံးထပ်ခေါ် ဆင်စွယ်ဆိုပြီး သုံးမျိုးရှိပါသည်။

  မျိုးယူရာတွင်လည်း အပင်ကို cuttingထိုးခြင်း ကိုင်းထိုးခြင်းနှင့် အမြစ်မှမျိုးယူခြင်း သို့မဟုတ် ဥ မွ စိုက်ခြင်း ဆိုပြီး၂နည်းရှိပါသည်။

မြေယာပြင်ဆင်ခြင်း

    ထယ်ထွန်ကိုဖွာပြီး မွနေစေရန် ညက်ညက်လုပ်ပေးရန် လိုအပ်ပါသည်။ ပင်ခြားအနေဖြင့် ၃ပေ လူသွားလမ်း ၅ပေဖြင့်စိုက်ပါက အပင်၃၀၀၀ခန့် ဝင်ဆန့်ပြီး ဥအနေဖြင့်စိုက်ပါက ပိသာ၅၀မှ၁၀၀ကြားလိုအပ်ပါသည်။မြေပြင်စဉ်တွင် အပေါ်ယံ ကိုမီးရှို့ပေးရန်လိုအပ်ပါသည်။

မြေသြဇာသုံးစွဲခြင်း

     အခြေခံမြေသြဇာအဖြစ် နွားချေးကို သီးသန့်သုံးစွဲသင့်ပြီး နွားချေးကိုEM ဘိုကာရှီနည်းအတိုင်း သို့မဟုတ် ထရိုင်ကိုဒါးမားနှင့် မြေသြဇာလုပ်ပြီး သုံးပါကပိုမိုကောင်းမွန်ပါသည်။ကျွန်တော့အနေဖြင့်စိုက်ပါက ထရိုင်ကိုဒါးမားဖြင့်ဆွေးထားသောနွားချေးကို ပိုမိုအသုံးပြုချင်ပါသည်။ ထရိုင်ကိုဒါးမားမှိုသည် ပင်စည်ပုပ် အူပုပ် အမြစ်ပုပ်ရောဂါများကို ကာကွယ်နိုင်သောကြောင့်ဖြစ်ပါသည်။

စိုက်စနစ်

      အပင်စိုက်ပြီးတနှစ်အကြာတွင် စတင်ခူးစွတ်နိုင်ပါသည်။ အပင်ကိုင်းဖြတ်များကို မိုးဦးကျတွင် စတင်စိုက်ပါက နောက်နှစ်နွေအကုန် မိုးဦးကျခါနီးတွင်စတင်ခူးစွတ်နိုင်သည်။ ဥများကိုတော့ ဇန်နဝါရီလနှင့်ဖေဖေါ်ဝါရီလများတွင် စတင်စိုက်ပျိုးနိုင်ပြီး မိုးလယ်တွင် ခူးစွတ်နိုင်ပါသည်။

ပန်းထိမ်ငိုပန်းသည်

 ၁၀လပိုင်းလောက်တွင်ပန်းများပွင့်ခြင်းရပ်တတ်ပြီး ၁၂လပိုင်းလများသည်အပင်နားသောလဖြစ်ပါသည်။ ၃လပိုင်းနှင့်၃လပိုင်းကျော်လျှင် အပင်အကြွင်းအကျန်များကို ဖြတ်ထုတ်ဖျက်
စီးပြီးဘောင်များပေါ်တွင် မီးရှို့ကာ နွားချေးမြေသြဇာထည့် ဘောင်လုံးပြီးရေနေ့စဉ်သွင်းပေးပါက ပန်းများ
စောစီးစွာပွင့်စေပါသည်။ ပန်းထိမ်ငိုပန်းခင်းကို ၃ နှစ်အထိထားရှိပြီး ၃နှစ်ပြည့်လျှင် ဥမ်ားကို ပြန်ဖော်ပြီး အသစ်ပြန်စိုက်ရန်လိုအပ်ပါသည်။

စိုက်ခင်းအဓိကပြသနာ

     စိုက်ခင်းတွင် အဓိကအားဖြင့် အမြစ်ပုပ် အုပုပ်ပြသာနာများဖြစ်သည်။ခြစားပိုးအနည်းငယ်လည်းကျတတ်ပါသည်။ အမြစ်ပုပ် ပင်စည်ပုပ်ရာဂါများသည် မျိုးမှပါလာတတ်ကြပြီး မြေဆောင်ရောဂါဖြစ်သွားတတ်ပါသည်။ထိုရောဂါကို ထိန်းသိမ်းရန် မျိုးဝယ်ယူရာတွင် အထူးဂရုပြုပြီး ဝယ်ယူခြင်း အချိန်ပေးပြီး ကိုယ်တိုင်ကိုင်းထိုးမျိုးခံခြင်းများပြုလုပ်သင့်ပါသည်။ဌင်းရောဂါ
ကျရောက်ပါက အပင်များသေပျောက်ကာ နောက်ဆုံးတခင်းလုံးကူးတတ်ပါသည်။

 ကုသခြင်းထက် ကာကွယ်မှသော

 ကောင်းမွန်သောရောဂါမျိုးဖြစ်ပါသည်။ထရိုင်ကိုဒါးမား မှိုကိုမွေးမြူထားခြင်းဖြင့် ရောဂါကျရောက်ခြင်းကို အသင့်အတင့် ကာကွယ်နိုင်ပါသည်။ကုသဆေးအနေဖြင့် forst ethyl aluminum ဖော့စ်အီသိုင်အလူမီယမ်ခေါ် ဆေးကိုမြေကြီးအတွင်းထည့်ကာ ကုသရပါမည်။ အရွက်များပျော့
ကာရိကျတတ်ပါသည်။မိုးများလွန်းသော အခြေအနေနှင့် အပင်ထူသော အခြေအနေဆုံပါက အဖြစ်များပါသည်။မြေချဉ်ကိန်းလည်း pH 5 အောက်ဆင်းနိုင်သဖြင့် မိုးဦကျတကြိမ် မိုးလယ်တကြိမ် ထုံးနှင့် ဂျစ်ပဆင်
ကို ၄း၁ နှုန်းထည့်ထားသင့်ပါသည်။စိုထိုင်းစ လျော့ကျအောင် အထူးဆောင်ရွက်သင့်ပါသည်။

ရောဂါရအရွက်များကို ဖြတ်ထုတ်ခြင်း
     ပင်များတူးထုတ်လွှင့်ပစ်ဖြစ်များပြုလုပ်ပေးရပါမည်။
benzimidazole အုပ္စု propiconazoleအုပ်စုတို့ကို
ဖျန်းဆေးကုသဆေးအဖြစ် သုံးနိုင်ပါသည်။
 mancozeb ကို ကာကွယ်ဆေး အနေဖြင့် သုံးနိုင်ပါသည်။ 

စိုက်ပျိုးရေးနည်းပညာ
မျဝေပေးလိုက်ပါတယ်ဗျ

ပန်းထိမ်ငို စိုက်ပျိုးနည်း
================100%

ပန်းထိမ်ငိုပန်းကို အအေးပိုင်းဒေသများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ယခုအခု အပူပိုင်းဒေသများတွင်လည်း စတင်စိုက်ပျိုးလာကြပါသည်။ အပူများလွန်းသောအချို့ဒေသများတွင် အရိပ်ကျဲ ၅၀%ရအောင် ဗူးစင်များတင်ပေးခြင်း ပျိုးစင်ဇကာစိမ်းအုပ်ပေးခြင်းဖြင့် စိုက်ပျိုးနိုင်ပါသည်။

    ပန်းထိမ်ငိုသည် ရေကြိုက်ပြီး ရေဝပ်တာကို လုံးဝမကြိုက်ပါ။မြေချဉ်ငံကိန်း pH5-6ကြားတွင်ကောင်း
စွာဖြစ်ထွန်းသည်။မြေနီသဲဝန်း သဲနုန်းနှင့် နုန်းမြေများတွင်စိုက်ပျိုးကြပါသည်။ ပန်းထိမ်ငိုမျိုးတွင် တစ်ထပ်ပန်းထ်ိမ်၊ နှစ်ထပ်ပန်းထိမ်၊ သုံးထပ်ခေါ် ဆင်စွယ်ဆိုပြီး သုံးမျိုးရှိပါသည်။

  မျိုးယူရာတွင်လည်း အပင်ကို cuttingထိုးခြင်း ကိုင်းထိုးခြင်းနှင့် အမြစ်မှမျိုးယူခြင်း သို့မဟုတ် ဥ မှ စိုက်ခြင်း ဆိုပြီး၂နည်းရှိပါသည်။

မြေယာပြင်ဆင်ခြင်း

    ထယ်ထွန်ကိုဖွာပြီး မွနေစေရန် ညက်ညက်လုပ်ပေးရန် လိုအပ်ပါသည်။ ပင်ခြားအနေဖြင့် ၃ပေ လူသွားလမ်း ၅ပေဖြင့်စိုက်ပါက အပင်၃၀၀၀ခန့် ဝင်ဆန့်ပြီး ဥအနေဖြင့်စိုက်ပါက ပိသာ၅၀မှ၁၀၀ကြားလိုအပ်ပါသည်။မြေပြင်စဉ်တွင် အပေါ်ယံ ကိုမီးရှို့ပေးရန်လိုအပ်ပါသည်။

မြေသြဇာသုံးစွဲခြင်း

     အခြေခံမြေသြဇာအဖြစ် နွားချေးကို သီးသန့်သုံးစွဲသင့်ပြီး နွားချေးကိုEM ဘိုကာရှီနည်းအတိုင်း သို့မဟုတ် ထရိုင်ကိုဒါးမားနှင့် မြေသြဇာလုပ်ပြီး သုံးပါကပိုမိုကောင်းမွန်ပါသည်။ကျွန်တော့အနေဖြင့်စိုက်ပါက ထရိုင်ကိုဒါးမားဖြင့်ဆွေးထားသောနွားချေးကို ပိုမိုအသုံးပြုချင်ပါသည်။ ထရိုင်ကိုဒါးမားမှိုသည် ပင်စည်ပုပ် အူပုပ် အမြစ်ပုပ်ရောဂါများကို ကာကွယ်နိုင်သောကြောင့်ဖြစ်ပါသည်။

စိုက်စနစ်

      အပင်စိုက်ပြီးတနှစ်အကြာတွင် စတင်ခူးစွတ်နိုင်ပါသည်။ အပင်ကိုင်းဖြတ်များကို မိုးဦးကျတွင် စတင်စိုက်ပါက နောက်နှစ်နွေအကုန် မိုးဦးကျခါနီးတွင်စတင်ခူးစွတ်နိုင်သည်။ ဥများကိုတော့ ဇန်နဝါရီလနှင့်ဖေဖေါ်ဝါရီလများတွင် စတင်စိုက်ပျိုးနိုင်ပြီး မိုးလယ်တွင် ခူးစွတ်နိုင်ပါသည်။

ပန်းထိမ်ငိုပန်းသည်

 ၁၀လပိုင်းလောက်တွင်ပန်းများပွင့်ခြင်းရပ်တတ်ပြီး ၁၂လပိုင်းလများသည်အပင်နားသောလဖြစ်ပါသည်။ ၃လပိုင်းနှင့်၃လပိုင်းကျော်လျှင် အပင်အကြွင်းအကျန်များကို ဖြတ်ထုတ်ဖျက်
စီးပြီးဘောင်များပေါ်တွင် မီးရှို့ကာ နွားချေးမြေသြဇာထည့် ဘောင်လုံးပြီးရေနေ့စဉ်သွင်းပေးပါက ပန်းများ
စောစီးစွာပွင့်စေပါသည်။ ပန်းထိမ်ငိုပန်းခင်းကို ၃ နှစ်အထိထားရှိပြီး ၃နှစ်ပြည့်လျှင် ဥများကို ပြန်ဖော်ပြီး အသစ်ပြန်စိုက်ရန်လိုအပ်ပါသည်။

စိုက်ခင်းအဓိကပြသနာ

     စိုက်ခင်းတွင် အဓိကအားဖြင့် အမြစ်ပုပ် အုပုပ်ပြသာနာများဖြစ်သည်။ခြစားပိုးအနည်းငယ်လည်းကျတတ်ပါသည်။ အမြစ်ပုပ် ပင်စည်ပုပ်ရာဂါများသည် မျိုးမှပါလာတတ်ကြပြီး မြေဆောင်ရောဂါဖြစ်သွားတတ်ပါသည်။ထိုရောဂါကို ထိန်းသိမ်းရန် မျိုးဝယ်ယူရာတွင် အထူးဂရုပြုပြီး ဝယ်ယူခြင်း အချိန်ပေးပြီး ကိုယ်တိုင်ကိုင်းထိုးမျိုးခံခြင်းများပြုလုပ်သင့်ပါသည်။ဌင်းရောဂါ
ကျရောက်ပါက အပင်များသေပျောက်ကာ နောက်ဆုံးတခင်းလုံးကူးတတ်ပါသည်။

 ကုသခြင်းထက် ကာကွယ်မှသော

 ကောင်းမွန်သောရောဂါမျိုးဖြစ်ပါသည်။ထရိုင်ကိုဒါးမား မှိုကိုမွေးမြူထားခြင်းဖြင့် ရောဂါကျရောက်ခြင်းကို အသင့်အတင့် ကာကွယ်နိုင်ပါသည်။ကုသဆေးအနေဖြင့် forst ethyl aluminum ဖော့စ်အီသိုင်အလူမီယမ်ခေါ် ဆေးကိုမြေကြီးအတွင်းထည့်ကာ ကုသရပါမည်။ အရွက်များပျော့
ကာရိကျတတ်ပါသည်။မိုးများလွန်းသော အခြေအနေနှင့် အပင်ထူသော အခြေအနေဆုံပါက အဖြစ်များပါသည်။မြေချဉ်ကိန်းလည်း pH 5 အောက်ဆင်းနိုင်သဖြင့် မိုးဦကျတကြိမ် မိုးလယ်တကြိမ် ထုံးနှင့် ဂျစ်ပဆင်
ကို ၄း၁ နှုန်းထည့်ထားသင့်ပါသည်။စိုထိုင်းစ လျော့ကျအောင် အထူးဆောင်ရွက်သင့်ပါသည်။

ရောဂါရအရွက်များကို ဖြတ်ထုတ်ခြင်း
     ပင်များတူးထုတ်လွှင့်ပစ်ဖြစ်များပြုလုပ်ပေးရပါမည်။
benzimidazole အုပ်စု propiconazoleအုပ်စုတို့ကို
ဖျန်းဆေးကုသဆေးအဖြစ် သုံးနိုင်ပါသည်။
 mancozeb ကို ကာကွယ်ဆေး အနေဖြင့် သုံးနိုင်ပါသည်။ 

No comments:

Post a Comment

မင်္ဂလာပါ TKIFARMER BLOG မှ ကြိုဆိုပါတယ်ခင်ဗျာ........